ကံပေါက်တွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

ကံပေါက်တွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

ထားဝယ်ခရိုင်အတွင်း ကားသုံးစီးပါ စစ်ကောင်စီတပ် ယာဉ်တန်းကို အမျိုးသား ညီညွတ်ရေး အစိုးရ NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နှင့် ကံပေါက်ဒေသကာကွယ်ရေးအဖွဲ့ KBDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လေးဦးသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့အစောပိုင်းတွင် ရေဖြူမြို့နယ်၊ ကံပေါက်-တောင်ရင်းအင်းလမ်းတွင် ကျေးရွာထဲသို့ ရောက်လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းကို လမ်းခု လတ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ညတွင် NUG-PDF နှင့် KBDF ပူးပေါင်းအဖွဲ့က ဖားချောင်းကျေးရွာမှ စစ်ကောင်စီ သတင်း ပေး တစ်ဦးကိုသုတ်သင် ရှင်းလင်းခဲ့ပြီးနောက် နိုဝင်ဘာလ ၁၉ ရက်နေ့၊ နံနက်အစောပိုင်းတွင် ကျေးရွာကို ရောက် လာသည့် စစ်ကောင်စီ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အကြား အပြန်အလှန်ပစ်ခတ်မှုလည်းရှိခဲ့ပြီး စစ်ကောင်စီဘက်က လေးဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

PDF တပ်ဖွဲ့ဝင်များဘက်က အထိအခိုက်အကျအဆုံးမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု နိုဝင် ဘာလ ၂၀ ရက်နေ့တွင် KBDF က သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ယနေ့တိုင် ဖားချောင်းကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် တပ်စွဲထားပြီး နေအိမ်များကိုလည်း ဝင်ရောက် စစ်ဆေးမေးမြန်းမှု များ ဆက်တိုက် ပြုလုပ်နေသည်ဟု သိရသည်။

ဖားချောင်းကျေးရွာ စစ်ကောင်စီသတင်းပေး ဦးကျော်ဦးဆိုသူ နိုဝင်ဘာလ ၁၈ ရက်နေ့ ညက အသတ်ခံခဲ့ရပြီး အဆိုပါသတင်းဖြစ်စဉ်ကို သတင်းမီဒီယာကွန်ယက် သတင်းဌာနက နိုဝင်ဘာလ ၂၀ ရက်နေ့ တွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည်။

ထို့အပြင် နိုဝင်ဘာလ ၁၈ ရက်နေ့ တစ်ညတည်းမှာပင် ကံပေါက်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် စစ် ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတို့ကိုလည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုများကို KBDF က ၎င်းတို့ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး တိုက်ခိုက်မှုတွင် စရဖ တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...