ရဲစခန်းကို ထောင်သည့်ဗုံး သံဃာနှစ်ပါး ထိ

ရဲစခန်းကို ထောင်သည့်ဗုံး သံဃာနှစ်ပါး ထိ

ပဲခူးတိုင်း အနောက်ခြမ်း ကြို့ပင်ကောက်မြို့ ရဲကင်းစခန်းကို လက်ကိုင်ဖုန်းဖြင့် တွဲထားသည့် အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခံရပြီး လမ်းသွားလမ်းလာ သံဃာနှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြော သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၆ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၈ နာရီခန့်တွင် တစ်ကြိမ် နှစ်ကြိမ် ပေါက်ကွဲခြင်း ဖြစ်ပြီး ဒုတိယအကြိမ်ပေါက်ကွဲမှုတွင် သံဃာနှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

”ထိသွားတာက စာချတန်း ဆရာတော်လေးတွေပါ။ တစ်ပါးက ဒဏ်ရာပြင်းထန်ပြီး တစ်ပါးကတော့ သိပ်မစိုးရိမ်ရဘူး။ ကုတင် ၁၀၀ စစ်ဆေးရုံကို ပင့်သွားတယ်“ ဟု  ဒေသခံတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသည့် ရဲကင်းစခန်းသည် ကြို့ပင်ကောက်မြို့နယ်ရှိ ဈေးချိုတောင် ရဲကင်းစခန်းဖြစ်ပြီး ဆရာတော် နှစ်ပါးသည် ဗောဓိရိပ်သာကျောင်းမှ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကြို့ပင်ကောက်ဒေသခံတစ်ဦး က ”ဖုန်းကီးပက်နဲ့တွဲထားတဲ့ ဗုံးလို့ပြောတယ်။ ရဲကင်းအနီးက သစ်သီးဝလံ ဆိုင်တန်းနားက ပေါက်တာ။ ဈေးသည် တွေတော့ မထိဘူး။ ပေ ၃၀၀ လောက်က ဆရာတော်လေးတွေထိတာ” ဟု ပြောသည်။

အဆိုပါ ဗုံးပေါက်မှုနှင့် ပတ်သက်၍ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ၎င်းတို့ လုပ် ဆောင်ခြင်းဖြစ်ကြောင်းနှင့် ထိုပေါက်ကွဲမှုကြောင့် သံဃာတော်နှစ်ပါးထိခိုက်ခဲ့မှုအတွက် စိတ်မကောင်းကြောင်း ထုတ်ဖော်ဝန်ခံထားသည်။

ဖောက်ခွဲမှုသည် သံဃာတော်နှစ်ပါးကို ထိခိုက်ဒဏ်ရာရရှိအောင် မရည်ရွယ်ခဲ့ဘဲ ထိခိုက်မိခဲ့သည့်အတွက်  ဆရာ တော် သံဃာတော်နှစ်ပါးနှင့် တကွ ကြို့ပင်ကောက်မြို့ရှိ ဆရာတော် သံဃာတော် အပေါင်းတို့အား ပြည်သူ့  တော်လှန်စစ်အပေါ်ခွင့်လွှတ်နားလည်ပေးရန်   အနူးအညွတ်တောင်းပန်လျှောက်ထားအပ်ပါတယ်ဟု ကြို့ပင်ကောက် PDF က လူမှုကွန်ရက်မှတဆင့် တောင်းပန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းကလည်း ကြိုပင်ကောက် စစ်ဆေးရေးဂိတ်တွင် အလုပ်သင် ဒု-ရဲအုပ်တစ်ဦး သေ နတ်ဖြင့် ပစ်ခတ်ခံသဖြင့် ဒဏ်ရာရရှိခဲ့သည်။

February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...