ဖားကန့် မှော်ဝမ်းတွင် စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနား ဦးဆောင်ကျင်းပသူ ၂ ဦးကို ထပ်မံ တရားစွဲခံရ

ဖားကန့် မှော်ဝမ်းတွင် စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနား ဦးဆောင်ကျင်းပသူ ၂ ဦးကို ထပ်မံ တရားစွဲခံရ
by -
မဇ္ဈိမ
ကချင်ပြည်နယ် ဖားကန့်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သော ၆ နှစ်ပြည့် အခမ်းအနား ဦးဆောင်ကျင်းပခဲ့သော ဦးလမောင်လတောင်နှင့် ဆရာ ဦးလတုန်ဆောင်ဘောမ်တို့ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်အ ၁၉ ဖြင့် တရားစွဲခံရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာခဲ့ခြင်းကြောင့် စစ်ဘေးရှောင်လာသည့် ၆ နှစ်ပြည့် အခမ်းအနားကို မှော်ဝမ်း နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမတွင် ကျင်းပခဲ့သည်ကို ခွင့်ပြုချက် မယူဘဲ ကျင်းပသည်ဆိုကာ တရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။

ဇွန်လ ၁၇ ရက်က ဖားကန့်မြို့နယ် ရဲမှူး ကျော်ဦးက တရားလို ပြုလုပ်ကာ တရားစွဲဆိုကြောင်း အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့မှ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးဖောင်ဒေးရှင်းအဖွဲ့မှ အတွင်းရေးမှူး ဦးနော်လောန်က ပြောသည်။

“ကျနော်တို့ ဇွန် ၉ ဆုတောင်းပွဲလုပ်တယ်လေ။ လုပ်တဲ့အခါကြတော့ မြို့နယ် ထွေအုပ်၊ ရဲမှူးကိုလည်း ကျနော်တို့ အကြောင်းကြားစာတင်တယ်။ အကြောင်းကြားစာတင်လျက်နဲ့ ၁၇ ရက်နေ့ ကျနော်တို့ကို ငြိမ်းစုစည်း ပုဒ်မ ၁၉ နဲ့ တရားစွဲထားတဲ့ အကြောင်းကြားလာတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

၎င်းတို့ကို လာမည့် ဇူလိုင်လ ၃ ရက်နေ့တွင် ရုံးချိန်း ချိန်းဆိုထားသည်ဟု သိရသည်။

ထိုနေ့အခမ်းအနား ကျင်းပရန်အတွက် ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရဲမှူးနှင့် ရဲမှူးတို့ထံ အကြောင်းကြားစာ ပေးပို့ခဲ့ပြီးဖြစ်သလို၊ စီတန်းလှည့်လည်ခြင်းများ မပါဝင်ဘဲ ဆုတောင်းဝတ်ပြုမှု အစီအစဉ်သာပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ တရားစွဲဆိုမှုအပေါ် နားမလည်နိုင်ကြောင်း သူက ဆက်ပြောသည်။

အဆိုပါအခမ်းအနားတွင် ဖားကန့်မြို့နယ်ရှိ ကချင်ပြည်သူလူထု ရ၀၀ ခန့် တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပသော စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနား ဦးဆောင်ကျင်းပ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ (WMR) ဥက္ကဌ ဦးခွန်ဆိုင်း၊ အတွင်းရေးမှူး ဦးဂမ်အောင်နှင့် ဦးဇော်ဂျတ်တို့ ၃ ဦးကိုလည်း ဇွန်လ ၁၃ရက် က အဆိုပါ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ပြီး တစ်ရက်အတွင်းမှာပင် ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ဒဏ်ငွေ ၃၀၀၀၀ ကျပ်စီ အမိန့်ချမှတ်ခဲ့သည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...