မိုးနဲမြို့ ၁၅ ရက်အတွင်း ကိုဗစ် -၁၉ ပိုးတွေ့သူ ၁၀၀ ကျော်ထိရှိလာ

မိုးနဲမြို့ ၁၅ ရက်အတွင်း ကိုဗစ် -၁၉ ပိုးတွေ့သူ ၁၀၀ ကျော်ထိရှိလာ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၁၁၉ ဦးထိ မြင့်တက်လာကြောင်းစုံစမ်းသိရှိရသည်။

မိုးနဲမြို့တွင် နိုဝင်ဘာ ၁ ရက်နေ့မှစပြီး ဒေသခံ ၁၄၃၀ ဦးကို ကိုဗစ် ၁၉ ပိုးစစ်ဆေးပေးခဲ့ပြီး စုစုပေါင်း ၁၁၉ ဦး ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

“ဒီလထဲမှာဘဲ ကိုဗစ် ကူးစက်တာ တော်တော်လေး များလာတယ်။ ကျနော်တို့ လူဦးရေ ၁၄၃၀ လောက်စစ်ပေးတာ။ ၁၁၉ ယောက်က ပိုးတွေ့လူနာတွေဖြစ်တယ်။ အခြေနေတော့ ဆိုးလာတယ်လို့ပြောလို့ရတယ်” ဟု မိုးနဲမြို့ ဒေသခံ အမျိုသား တစ်ဦးက ပြောသည်။

အဆိုပါ မိုးနဲမြို့ ဒေသခံများကို ကိုဗစ် -၁၉ ပိုး ရှိ မရှိ နေအိမ်ထိ သွားရောက်စစ်ဆေးပေးရာတွင် ဆရာဝန်၊ တာဝန်ရှိသူများနှင့် ဒေသခံတို့အကြားရန်ဖြစ်ပွားမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

“ဒီလထဲမှာဘဲ ကျန်းမာရေးပိုင်းတာဝန်ရှိသူတွေက ပြည်သူတွေကို ကိုဗစ်ပိုး သွားစစ်ဆေးပေးကြတယ်။ ကိုဗစ်ပိုးစစ်ရင် နှာခေါင်းထဲ တုတ်ထိုးရတယ်ဆိုတော့ နာကြတယ်တဲ့။ အဲဒါ နှာခေါင်းထဲထိုးခံရလို့ဆိုပြီး ကျန်းမာရေးဝန်ထမ်းနဲ့ ဒေသခံတွေက ရန်ဖြစ်တာတွေလည်းရှိတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

ကိုဗစ် ၁၉ တတိယလှိုင်းအချိန်တွင် မိုးနဲမြို့မှာ နိုဝင်ဘာ ၁၆ ရက်အထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၃၉၁ ဦးထိရှိနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်ထဲ မိုးနဲမြို့တွင် ကိုဗစ် ၁၉ ကြောင့်သေဆုံးသူ စုစုပေါင်း (၆)ဦးထိရှိကြောင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...