ကျိုက်ထို လူမှုရေးအသင်း ဥက္ကဌနှင့် အသင်းဝင်များကို စစ်ကောင်စီ ဖမ်းဆီး

ကျိုက်ထို လူမှုရေးအသင်း ဥက္ကဌနှင့် အသင်းဝင်များကို စစ်ကောင်စီ ဖမ်းဆီး

မွန်ပြည်နယ် ကျိုက်ထိုမြို့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌနှင့် အသင်းဝင်အချို့တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့များက ကျိုက်ထိုမြို့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ဦးစိုးသီဟနှင့် အသင်းဝင် ၄ ဦးတို့ နိုဝင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကျိုက်ထိုမြို့ခံ တစ်ဦးက "ဒီရက်ပိုင်းမှာ ဖမ်းဆီးခံရတဲ့သတင်းက နေ့တိုင်းလိုလို ကြားနေရတယ်။ အဲ့ဒီထဲမှာ လူမှုကယ်ဆယ်ရေးအဖွဲ့က လူတွေလည်းပါတယ်လို့ ပြောတယ်။ လူငယ်တွေလည်း ဆက်တိုက် ဖမ်းခံထိနေ တယ်။ ဘာအကြောင်းပြချက်နဲ့ ဖမ်းတာလဲတော့ မသိဘူး။ နေရာအနှံ့မှာလည်း စစ်ဆေးမှုတွေ ပိုပြီးတော့ တင်း ကြပ်လာတယ်" ဟု ပြောသည်။

ထို့အပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဆက်သွယ်ပြီး ကူညီထောက်ပံ့မှုများ လုပ်ဆောင်နေသည် ဆိုသည့်စွပ်စွဲချက်နှင့် နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ကျိုက်ထိုဒေသခံ လူငယ် ၇ ဦးထက် မနည်းကိုလည်း စစ် ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့တွင် ဖမ်းဆီးခံရသည့်ဖြစ်စဥ်များ ဆက်တိုက်ရှိလာခဲ့ပြီး ဖမ်းဆီး ခံရသူများထဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် မြို့ပေါ်က လုပ်ငန်းရှင်များလည်း ပါဝင်သည်။

ကျိုက်ထိုမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီဝင်များ ပစ်သတ်ခံရမှုများ အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ကားများလည်း မိုင်းဆွဲတိုက်ခိုက်ခံရမှုများရှိလာနေသည်။

ထိုသို့ ဖြစ်ပွားလာသည့် နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပေါ် ရော၊ ကျေးရွာများမပါမကျန် အခင်း ဖြစ်ပွားရာ နေရာအနီးအနားတဝိုက်ကိုလည်း ရှာဖွေစစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသည့်အပြင် ဖမ်းဆီးမှုများ လည်း ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...