SSPP မှ ဖမ်းခေါ်သွားသည့် စစ်သုံ့ပန်း (၁၃)ဦး ပြန်လွှတ်ပေးမည်ဟုဆို

SSPP မှ ဖမ်းခေါ်သွားသည့် စစ်သုံ့ပန်း (၁၃)ဦး ပြန်လွှတ်ပေးမည်ဟုဆို

သျှမ်းပြည်အတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် SSPP/SSA မှ RCSS/SSA ၏ တပ်သား စစ်သုံ့ပန်း (၁၃)ဦးကို ဖမ်းဆီးခေါ်ဆောင်ထားပြီး ပြန်လည်လွှတ်ပေးမည်ဟု SSPP ထံမှ စုံစမ်းသိရသည်။

ထို စစ်သုံ့ပန်း (၁၃)ဦးကို နိုဝင်ဘာ ၉ ရက်နှင့် ၁၁ ရက်နေ့တွင် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏ ဌာနချုပ် ဝမ်ဟိုင်းကို ခေါ်ဆောင်ထားပြီး ထိုထဲမှ (၂)ဦးသေဆုံးသွားကာ (၂)ဦးက ကျန်းမာရေးအခြေနေမကောင်းကြောင်း သိရသည်။

“အားလုံး စစ်သုံ့ပန်းကတော့ ၁၃ ဦး ရှိတယ်။ ၂ ဦးက ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားတယ်။ (၂)ဦးက ဆေးကုသနေရတယ်။ ကျန်တာတွေတော့ အကုန်လုံး ကျန်းမာရေးကောင်းတယ်။ အကုန်လုံးပြန် ကောင်းသွားပြီဆိုရင် ကျနော်တို့လည်း ပြန်လွှတ်ပေးသွားမှာပါ” ဟု သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ကျန်ရှိသည့် စစ်သုံ့ပန်း (၁၁)ဦးသည် ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်နဲ့ ကျေးသီး၊ လဲချား၊ မိုင်းကိုင်ဘက်က တိုက်ပွဲတွင်း ကျန်ခဲ့သည့် စစ်သုံ့ပန်းများဖြစ်ကြောင်း သိရသည်။

RCSS/SSA တပ်သားများ အမှန်တကယ်ဖမ်းဆီးခံရခြင်း ရှိ ၊ မရှိကြောင်းကို လက်ရှိအချိန်ထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ထဲမှ အသေးစိတ် မသိရှိရသေးကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

“ဖမ်းခေါ်သွားတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အသေးစိတ် မသိရသေးပါဘူး။ မြေပြင်က အချက်အလက်တွေ မရရှိသေးပါဘူး” ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

လက်ရှိတွင် သျှမ်းတပ် (၂)တပ် တိုက်ပွဲ ပြင်းထန်မှု မရှိတော့ကြောင်း၊ သို့သော် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...