မိုင်းယန်းမြို့ အဝင်ယာဉ်များ ကိုဗစ် -၁၉ စစ်ဆေးပြီး ငွေကျပ် (၁)သောင်း ကောက်ယူ

မိုင်းယန်းမြို့ အဝင်ယာဉ်များ ကိုဗစ် -၁၉ စစ်ဆေးပြီး ငွေကျပ် (၁)သောင်း ကောက်ယူ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်အဝင် ယာဉ်များကို ကိုဗစ် – ၁၉ ပိုး ရှိမရှိ စစ်ဆေးပေးပြီး စစ်ဆေးခ တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) ကောက်ယူနေကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့မှစပြီး မိုင်းယန်းမြို့ထဲသို့ဝင်လာသည့် ကုန်တင်ယာဉ်များနှင့် ယာဉ်နောက်လိုက်ပါလာသည့် သူများကို ကိုဗစ် – ၁၉ RDT Test Kit ဖြင့်စစ်ဆေးပေးပြီး ကျပ်ငွေ (၁၀၀၀၀) ကောက်ယူကြောင်း သိရသည်။

“ဟုတ်တယ်။ ဒီရက်ပိုင်းကစပြီး ဝင်လာတဲ့သူတွေကို စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ပိုက်ဆံကောက်တယ်။ အဝေးကနေ လာတဲ့သူတွေကို စစ်ဆေးတယ်။ ကျိုင်းတုံကနေ ပြန်လာတဲ့သူကိုလည်း စစ်ဆေးတယ်။ ပိုက်ဆံက (၁၀၀၀၀) ကနေစပြီးကောက်တယ်လို့ပြောတယ်” ဟု မိုင်းယန်းမြို့‌ ဒေသခံတစ်ဦးက ပြောသည်။

ကိုဗစ် − ၁၉ ကော်မတီမှ အလှူရရှိထားသည့် RDT Test Kit ကို အသုံးပြုစစ်ဆေးခြင်းမရှိဘဲ စစ်ကောင်စီ၏ လက်အောက်ခံ ကျန်းမာရေးအစိုးရ၏ RDT Test Kit ကို အသုံးပြုစစ်ဆေးပြီး ငွေကောက်ခံယူလျက်ရှိကြောင်း သိရသည်။

“ကိုဗစ် – ၁၉ ကော်မတီက ရှိတဲ့ဟာကို အသုံးမပြုဘူး။ အစိုးရက ထုတ်တဲ့ဟာကို သုံးပြီးတော့ စစ်ဆေးတာ။ ပြီးတော့ ငွေကောက်တာပေါ့။ ကိုဗစ် ၁၉ ကော်မတီကတော့ အလကား စစ်ဆေးပေးပါတယ်။ သူတို့က ဈေးထဲမှာ အမြဲစစ်ဆေးပေးနေတယ်” ဟု မိုင်းယန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

မိုင်းယန်းမြို့တွင် ကိုဗစ် – ၁၉ ပိုးတွေ့ရှိလူနာ ၁၄၃ ဦးရှိပြီး ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်အထိ ဆေးရုံတွင် ဆေးကုသနေသူ (၄)ဦး ကျန်ရှိကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...