ဖားကန့်အနီး စစ်ကောင်စီ ရှေ့ကာ စခန်းတစ်ခုကို KIA သိမ်းပိုက်

ဖားကန့်အနီး စစ်ကောင်စီ ရှေ့ကာ စခန်းတစ်ခုကို KIA သိမ်းပိုက်
Photo-The Kachin Net
Photo-The Kachin Net

ကချင်လွတ်လပ်ရေး တပ်မတော်  KIA က ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်လိုက်ပြီး နောက် စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများသို့ လေကြောင်းပစ်ကူသည့်အထိ တိုက်ပွဲပြင်းထန်ခဲ့ သည်ဟု KIO/KIA က ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေထဲတွင်ရှိသည့် စစ်ကောင်စီ၏ တပ် စခန်းတစ်ခုကို KIA က ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့သည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ဟိုဖက်ကနေ အကြောင်းကြားလာတာကတော့ post တစ်ခုကတော့ စခန်းတစ်ခု သိမ်းရပြီလို့ ပြောတယ်။ ကျန်တဲ့ ၂ ခု အကြောင်းကတော့ တိကျတဲ့ သတင်းကတော့ မရသေးဘူးခင်ဗျ။ အဲဒီတံတားသစ်ဖက်ရှိတဲ့ စခန်း တွေပဲ ၃ ခုကတော့ နမ်ဂျမ်၊ တိုက်ပွဲဖြစ်တာကတော့ ဝင်တိုက်တာကတော့ ဒီမနက် ၇ နာရီကနေ ဝင်တိုက်တာ ဖြစ်ပါတယ်။ အဲဒီ ၈ နာရီဝန်းကျင်လောက်ထင်တယ် သိမ်းရတဲ့ဟာက နမ်ဂျမ်။”

ကချင်လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့များက စစ်ကောင်စီ၏ တပ်စခန်းနေရာ ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဖက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများသို့ လေယာဉ်ဖြင့် လာရောက်ပစ် ခတ်ခဲ့သည်ဟု ဆက်ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “ဒီနေ့လည်အထိကတော့ စစ်ကောင်စီဖက်ကနေ လေကြောင်းကနေပစ်ကူတာရှိတယ်။ ဆိုတော့ အခုကတော့ ဘာပဲဖြစ်ဖြစ် အားလုံးကတော့ တင်းမာတဲ့ အနေအထားပေါ့။ အားလုံး သတိ အနေအ ထားနဲ့ နေတဲ့ နေရာတွေဖြစ်သွားတယ်။ အဲဒီဖားကန့်တ၀ှိုက်ကတော့” ဟု ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲတွင် စစ်ရေးတင်းမာမှုများ ရှိနေသော်လည်း အခြားမြို့နယ်များ တွင်မူ တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ်ရေးအခြေအနေ ငြိမ်သက်နေသည် ဟု KIO/KIA က ဆိုသည်။

ဖားကန့်မြို့နယ်မှ အပ ကချင်ပြည်နယ်ရှိ အခြား မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ရှမ်းပြည် နယ် မြောက်ပိုင်းရှိ KIO/KIA လှုပ်ရှားနေသည့် ဒေသများတွင် တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ် သက်၍ ဗိုလ်မှူးကြီးနော်ဘူ က ယခုကဲ့သို့ပြောသည်။

“ရှမ်းမြောက်ဖက်ကတော့ MNDAA နဲ့ တိုက်ပွဲဖြစ်တဲ့ နေရာပေါ့။ မုန်းကိုးဖက်မှာကတော့ တင်းမာနေဆဲဖြစ်ပါ တယ်။ ဒီနေ့တိုက်ပွဲ ဘယ်လောက်အထိ ပြင်းထန်တယ်ဆိုတာကတော့ မရသေးပါဘူး။ ဒါပေမယ့် အဲဖက်က တော့ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။”

အာဏာသိမ်းယူရန်ကြိုးစားနေသည့် စစ်ကောင်စီသည် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တိုက်ပွဲဖြစ် ပွားနေသည့် နည်းတူ အခြားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွား နေသည်။

ထို့အပြင် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့်လည်း နေရာဒေသ တော် တော်များများတွင် စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများဖြစ်ပွားနေသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း စစ်ကောင်စီတပ် ဖွဲ့ဝင်များက လုပ်ဆောင်လျက်ရှိသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် တက်ကြွလှုပ်ရှားသူများက ဆို သည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...