ဗုံးပေါက်ကွဲမှု သံသယ ဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ တစ်ဦး သေဆုံး

ဗုံးပေါက်ကွဲမှု သံသယ ဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ တစ်ဦး သေဆုံး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ EPC ရုံး ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ သံသယနှင့် ဖမ်းဆီးစစ်ကြောခံနေရသူ ၉ ဦး အနက် တစ်ဦးသေဆုံးသွားသည်။

လပွတ္တာမြို့၊ သကြားဘုရားကုန်း ရပ်ကွက်က ဖမ်းဆီးခံထားရသူများ အနက် ကိုကျော်သူဝင်း ဆိုသည့် လူငယ်တစ်ဦးသည် နိုဝင်ဘာ ၁၄ ရက်နေ့(ယနေ့) နံနက် ၄ နာရီကျော် အချိန်ခန့်က သေဆုံးသွား သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်အချို့က ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက "စစ်ကြောရေးလုပ်ရင်း ရိုက်နှက်ခံရတဲ့ ဒဏ်ရာကြောင့် သေတာပါ။ အဖမ်းခံထားသူတွေရဲ့ နာမည်တွေက  အိန္ဒိယနွယ်ဖွား အမည်တွေဆိုတော့  မမှတ်မိဘူး" ဟု ပြောသည်။

ဒေသခံပြည်သူများထံမှ မီတာခများကို အတင်းအဓမ္မ ဖိအားပေး ကောက်ခံနေမှုများကြောင့် သတိပေးသည့် အနေဖြင့် လျှပ်စစ်မီတာရုံးကို ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ထုတ်ဖော်ကြေညာထားသည်။

လျှပ်စစ်မီတာရုံးအား ဗုံးခွဲတိုက်ခိုက်ခံရပြီး နောက်ရက်တွင် မြောင်းမြ-လပွတ္တာ ကားလမ်းပေါ်ရှိ လပွတ္တာမြို့နယ် အပိုင် ကျောက်ဖြူကျေးရွာ၊ မူလတန်း(လွန်) ကျောင်းတွင် ဗုံးတွေ့သည်ဟုဆိုကာ Non CDM ဆရာမ ၄ ဦးကို လည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

"အဖမ်းခံထားရတဲ့ သူအားလုံး မိသားစုနဲ့ အဆက်အသွယ်ပေးမလုပ်ဘူး။ သူတို့က စစ်ဆေးတဲ့ပုံစံက သေအောင် ရိုက်သတ်ပုံစံမျိုး ဖြစ်နေတော့ ပိုပြီးတော့ စိုးရိမ်နေရတာအမှန်ပဲ" ဟု အဖမ်းခံထားရသူများ၏ မိသားစုဝင် တစ်ဦးက ပြောသည်။

လပွတ္တာမြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီအချိန်ခန့် က လျှပ်စစ်မီတာရုံး ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခံရ ခြင်း ဖြစ်သည်။

ထို့နောက် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သကြားဘုရားကုန်းကျေးရွာသား ၉ ဦးနှင့် ကျောက်ဖြူကျေးရွာ မူလတန်း (လွန်) ကျောင်းက Non CDM ဆရာမ ၄ ဦးတို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် စစ်ဆေးနေသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...