ဆီဆိုင်မြို့နယ် ဒေသခံများ ကိုဗစ် – ၁၉ ရောဂါကို လက်ခံယုံကြည်မှုမရှိကြ

ဆီဆိုင်မြို့နယ် ဒေသခံများ ကိုဗစ် – ၁၉ ရောဂါကို လက်ခံယုံကြည်မှုမရှိကြ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့မှဒေသခံများကို ကိုဗစ် – ၁၉ ရောဂါကို လက်ခံယုံကြည်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းခဲ့ပြီး နှာစေး ချောင်းဆိုးဖြစ်သူများကို စစ်ဆေးရာမှာ positive ဖြစ်ကြသော်လည်း ထိုအဖြေကို ကျေးရွာဒေသခံများ ယုံကြည်လက်ခံမှု မရှိကြောင်း ကျေးရွာခံ တစ်ဦးက ပြောသည်။

“တစ်ချို့ရွာတွေက ဒေသခံတွေ အစစ်ဆေးမခံချင်ကြဘူး။ ခါတိုင်းနှစ်တွေလည်း ဒီလိုချိန်မှာ သူတို့တွေ နှာစေး ချောင်းဆိုးတာတွေရှိတယ်လို့ပြောတယ်။ ရာသီဥတု အကူးအပြောင်းလဲမှာပေါ့။ ခုက ကောက်စိုက်ရိတ်သိမ်းချိန် ခြေထောက်တွေက ရေထဲ အချိန်ပြည့်ရှိထားတယ်။ ခေါင်းက ပူပြီး ခြေထောက်က အေးနေတယ်။ နှာစေး တာတွေရှိတယ်။ ခု သူတို့ ကွင်းဆင်းစစ်ဆေးတာက နှာစေးရင် positive ဖြစ်ပြီ။ အဲ့ကြောင့် ရွာခံတွေက သိပ်ပြီး အယုံအကြည်မရှိတော့ဘူး” ဟု ဆီဆိုင်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆီဆိုင်မြို့နယ်သည် ကိုဗစ် – ၁၉ ကူးစက်ခံရသူ တိုးများလာသည့်အတွက် နိုဝင်ဘာ (၁၄) ရက်နေ့ထိကို မနက် (၁၁) နာရီမှ ညနေ (၃)နာရီထိ လမ်းမကြီးနှင့်နီးသည့် ကျေးရွာများကို Semi-Lockdown ပြုလုပ်ထားကြောင်း စုံစမ်းသိရှိရသည်။

“လမ်းမကြီးတွေနဲ့ နီးတဲ့ ရွာတွေကို Semi Lockdown လုပ်ထားတယ်။ ဥပမာ – ဘန်းယဉ်၊ နောင်မွန်၊ ဆိုက်ခေါင် တွေလိုနေရာမျိုးမှာ ၁၁ နာရီ ကနေ ၃ နာရီအထိ အဝင်အထွက်မလုပ်ရဘူး၊ အဲ့ချိန်အတွင်း ကားတွေလာရင် ရွာကို မပေးဖြတ်ဘူး” ဟု နောင်မွန်ဒေသခံ တစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်သည် ကိုဗစ် – ၁၉ ကူးစက်မှုနှုန်းများပြားလာပြီး ထိုကူးစက်မှုနှုန်း လျော့ချရန်အတွက် ဈေးဝယ်ခွင့်ကဒ် တစ်အိမ် တစ်ယောက်နှုန်းဖြင့်သာ အပြင်ထွက်ခွင့်ပြုထားကြောင်း သိရှိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...