စစ်အင်အားတိုးချဲ့တဲ့ စစ်ကောင်စီ ယာဉ်တန်း (၉)စီး MNDAA ကြားဖြတ်တိုက်ခိုက် ဖျက်ဆီးခဲ့

စစ်အင်အားတိုးချဲ့တဲ့ စစ်ကောင်စီ ယာဉ်တန်း (၉)စီး MNDAA ကြားဖြတ်တိုက်ခိုက် ဖျက်ဆီးခဲ့

သျှမ်းမြောက် သိန္နီနှင့် မုံးကိုးမြို့နယ်အတွင်းသို့ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီ၏ ယာဉ်တန်များကို ကိုးကန့် MNDAA တပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကား (၉)စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang သတင်းတွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာ (၁၁)ရက် နံနက်ပိုင်းတွင် သိန္နီမြို့နယ် နမ့်စလပ်မှတဆင့် ကိုးကန့် ကွမ်းလုံဒေသသို့ စစ်ကူလာသည့် စစ်ကား (၂၈)စီးကို MNDAA မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး ပျက်စီးသွားပြီး ညနေ (၃)နာရီခွဲကျော်တွင် မိုင်တိုင်အမှတ် (၃၇)နှင့် (၃၈)ကြားတွင်လည်း စစ်ကောင်စီ ယာဉ်တန်းကို MNDAA က ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကား ၅ စီး ဖျက်ဆီးလိုက်နိုင်ကြောင်း သိရသည်။

ထို့ပြင် မုံးကိုးမြို့နယ် ဟွာချောင်ရွာ စွန်တောင်ကုန်းတွင်လည်း စစ်ကောင်စီ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၁ ရက် ညနေ ၃ နာရီခွဲကျော်တွင် မုံးကိုးမြို့နယ် ရှိ MNDAA စခန်းကို စစ်ကောင်စီက ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူစာရင်းကိုတော့ မသိရှိရသေးပေ။

သျှမ်းမြောက် မုံးကိုးမြို့နယ်အတွင်း ယနေ့ချိန်ထိ MNDAA နှင့် စစ်ကောင်စီ စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ထို တိုက်ပွဲကြောင့် မြန်မာ – တရုတ် နယ်စပ် ပန်ဆိုင်းမြို့နယ်အတွင်း စစ်ရှောင်များထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...