တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့အစည်း ဆက်ဆံရေးရုံုးများ၏ တာဝန်နှင့် လုုပ်ပိုုင်ခွင့်များဆိုုင်ရာ လုုပ်ငန်းညှိနှိုင်းအစည်းအဝေး ခေါင်းစဉ်ဖြင့် နှစ်ရက်ကြာကျင်းပမည့် ယနေ့အစည်းအဝေး အဖွင့် မိန့်ခွန်း တွင် ကရင်အမျိုးသား အစည်းအရုံုး KNU ဥက္ကဌ ဗုုိလ်ချူပ်ကြီး မူတူးစေးဖိုုး က လက်ရှိ ကရင်ပြည် နယ်အတွင်း၌ Bilateral Agreement လက်မှတ်ရေးထိုုးပြီးနောက် ဆက်ဆံရေးရုံုးများ ဖွင့်လှစ်ထား ရှိခဲ့သော်လည်း လုုပ်ငန်းအကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှုတွေ အခက်အခဲတွေ အများကြီး ရင်ဆိုုင်နေကြရတဲ့အတွက် အခုုအစည်းအဝေးက အဖြေရှာနိုုင်မယ်လိုု့ မျှော်လင့် ကြောင်း ပြောဆိုုခဲ့သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗုုိလ်ချူပ်ကြီး ယွက်စစ် ကတော့ အပစ်ရပ် စဲပြီး ဆက်ဆံရေးရုံုးတွေ ဖွင့်လှစ်ထားတာဟာ အစိုုးရနဲ့ တိုုင်းရင်းသား အဖွဲ့တွေအကြား အပြန် အလှန် ဆက်ဆံကြဖိုု့နဲ့ လက်တွဲအတူတကွ ပူးပေါင်းကြဖိုု့လိုု့ သဘောထားရှိကြောင်း မြင်မိသော် လည်း လက်ရှိမှာ တပ်မတော်ဖက်က JMC ဆိုုသည့်အမည်ဖြင့် မိမိတိုု့ကိုု ဖိအားပေးမှုတွေ ရှိနေ တယ်လိုု့ မြင်တွေ့ရကြောင်း နှင့် ယခုုအတိုုင်းဆက်သွားနေမည်ဆိုုရင် ပြသနာတွေ ပိုုမိုုကြီးထွား လာနိုုင်ကြောင်း မြင်မိတဲ့အတွက် အခုုအစည်းအဝေးကနေပြီး အဖြေရှာကြဖိုု့ တိုုက်တွန်းပြော ဆိုုခဲ့သည်။
ယနေ့ အစည်းအဝေးမှာ အပစ်အခတ်ရပ်စဲရေးဆိုုင်ရာ အထောက်အကူပြု လုုပ်ငန်းတာဝန်များ၊ နုုိင်ငံရေး တွေ့ဆုံုဆွေးနွေးခြင်းနှင့် ယုံုကြည်မှု တည်ဆောက်ခြင်း အထောက်အကူပြု လုုပ်ငန်း တာဝန်များ၊ အရပ်သားများအား ကာကွယ်သည့် လုုပ်ငန်းများ၊ လူသားခြင်း စာနာထောက်ထားမှု အကူအညီ ပေးခြင်း ဆိုုင်ရာ လုုပ်ငန်းများ နှင့် အဖွဲ့အစည်းအတွင်းအပါအဝင် ပြည်သူလူထုုများကိုု အရည်အချင်း မြှင့်တင်ရေးဆိုုင်ရာ လုုပ်ငန်းများ ကိစ္စတွေကိုုလည်း ခေါင်းစဉ်အလိုုက် ဆွေးနွေးသွား ကြရန် ရှိသည်ဟုု သိရသည်။
အစိုုးရနှင့် အပစ်ရပ်စဲပြီးနောက် KNU ကရင်အမျိုးသား အစည်းအရုံုး အဖွဲ့ ဆက်ဆံရေးရုံုး (၆) ရုံုး၊ KNLA/PC ဆက်ဆံရေးရုံုး ( ၃) ၊ DKBA ဆက်ဆံရေးရုံုး (၃ ) ၊ ချင်းအမျိုးသားတပ်ဦး CNF ဆက်ဆံရေးရုံုး ( ၃) ရုံုး၊ ရခိုုင်လွတ်မြောက်ရေးပါတီ ALP ဆက်ဆံရေးရုံုး (၁) ရုံုး ၊ ABSDF ဆက်ဆံရေးရုံုး (၁) ရုံုး၊ ပအိုု့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO ဆက်ဆံရေးရုံုး ( ၃) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဆက်ဆံရေးရုံုး (၇) ရုံုး၊ မွန်ပြည်သစ်ပါတီ NMSP ဆက်ဆံရေးရုံုး (၆ ) ရုံုး၊ ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP ဆက်ဆံရေးရုံုး ( ၃) ရုံုးနဲ့ ရှမ်းပြည် တိုုးတက်ရေးပါတီ SSPP ဆက်ဆံရေးရုံုး (၃) ရုံုး ဖွင့်လှစ်ထားရှိပြီး ယခုုအစည်းအဝေးသိုု့ ဆက်ဆံရေးရုံုးတာဝန်ယူထားသူများအားလုံုး တက်ရောက်ဆွေးနွေးနေသည်။
ယနေ့ အစည်းအဝေးမှ ရရှိလာသည့် အချက်များကိုု ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေးဆိုုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကတဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ထံ တင်ပြပြီး အတည်ပြုချက်ရရှိအောင် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဟုု သိရသည်။
ယနေ့ အစည်းအဝေးကိုု အစိုုးရနှင့် NCA လက်မှတ်ရေးထိုုးထားသည့် တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့ ၈ ဖွဲ့မှ ကရင်အမျိုးသား အစည်းအရုံုး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုုင်ငံလုံုးဆိုုင်ရာ ကျောင်းသားများ ဒီမိုုကရက်တစ်တပ်ဦး ABSDF ၊ KNLA/PC ကရင်ငြိမ်းချမ်းရေးကောင်စီ ၊ ပအိုု့အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် ကရင်အမျိုးသား ဒီမိုုကရေစီအကျိုးပြုတပ်မတော် DKBA အဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
ယခုု အစည်းအဝေး ကျင်းပနုုိင်ရေးအတွက် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်တွင် အခြေစိုက်သည့် ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်သော ဥရောပမြန်မာရုံး (Euro-Burma Office – EBO) မှ ကမကထ ပြုလုုပ်ခဲ့ခြင်းဖြစ်သည်။







