ထန်တလန်မြို့တွင် စစ်ကာင်စီတပ်ဖွဲ့က လူနေအိမ်များ ထပ်မံမီးရှို့ အိမ် ၂၀ ပြာကျ

ထန်တလန်မြို့တွင် စစ်ကာင်စီတပ်ဖွဲ့က လူနေအိမ်များ ထပ်မံမီးရှို့ အိမ် ၂၀ ပြာကျ

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ၏ ရှို့မီးကြောင့် လူနေအိမ်၂၀ ထပ်မံမီးလောင်ပြာကျသွားပြီး နိုဝင်ဘာလအထိ ပျက်ဆီးသွားသောလူနေအိမ် နှစ်ရာကျော်ရှိပြီဟု CDF-ထန်တလန် မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

“ဒီလ နိုဝင်ဘာလထဲမှာ ညပိုင်းမှာပဲ ထပ်မံမီးရှို့တယ်။ မနေ့ညကလည်း ၃ အိမ်ထပ်ရှို့တယ် အားလုံး အလုံး ၂၀ ပေါ့၊ မနေ့ညက လုံးတီာလ် ရပ်ကွက် တပ်ကုန်းနဲ့နီးတဲ့နေရာတွေပေါ့။ တခြားဟာက စိုက်ပျိုး ရေးရပ်ကွက်၊ အခုတော့ မီးက ငြိမ်းတော့ငြိမ်းပြီ။ အခု အားလုံး မီးရှို့တာ အိမ် ၂၁၀ ဝန်းကျင်ရှိပြီ” ဟု CDF-ထန်တလန်မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညပိုင်းအချိန်တွင် မြို့တွင်းလူနေအိမ်များတွင် ထပ်မံ မီးရှို့လာခြင်းဖြစ်ပြီး နိုဝင်ဘာ ၆ ၊ ၉ ၊ ၁၀၊ ၁၁ ရက်နေ့များတွင် မီးရှို့ခံရခြင်းဖြစ်သည်။

ထန်တလန်မြို့တွင် အိမ်ထောင်စု ၁၅၀၀ လူဦးရေ တစ်သောင်းဝန်ကျင်ခန့်ရှိသော်လည်း မြို့ခံပြည်သူအားလုံးသည် စက်တင်ဘာလကစတင်ပြီး မြို့ကိုစွန့်ခွာပြီး ကျေးလက်ဒေသနှင့် အိန္ဒိယနိုင်ငံတို့တွင် စစ်ဘေးတိမ်းရှောင်နေကြစဉ် စစ်ကောင်စီတပ်သားများက လူနေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...