မောင်မယ်ရှောင် ရွာအနီး သတင်းပေးဆိုသူ တစ်ဦး ပစ်သတ်ခံရ

မောင်မယ်ရှောင် ရွာအနီး သတင်းပေးဆိုသူ တစ်ဦး ပစ်သတ်ခံရ

ထားဝယ်-ရန်ကုန်ကားလမ်းပေါ်ရှိ မောင်မယ်ရှောင်ကျေးရွာအနီးတွင် စစ်ကောင်စီသတင်းပေးဟုဆိုကာ အမျိုး သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားသည်။

ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးရှင် ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရား၏  မုခ်ဦးအရှေ့နားတွင် နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူ ကိုမိုးမြင့်ဦး အသက် ၃၀ နှစ် သေနတ်ဖြင့် ပစ်ခံခဲ့ရပြီးနောက် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

သေဆုံးသူ ကိုမိုးမြင့်ဦးသည် မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ကင်းကုန်းရွာတွေနေထိုင်ပြီး ရေဝိုင်းကျေးရွာနှင့် ထားဝယ်မြို့ကို လိုင်းကားဆွဲနေသူဖြစ်ကာ ထားဝယ်မှ အပြန်ခရီးလမ်းတွင် အပစ်ခံရခြင်း ဖြစ်သည်။

မောင်မယ်ရှောင် ကျေးရွာက အသက် ၃၅ နှစ် အရွယ် ရွာသားတစ်ဦးက “အစက ကားဘီးပေါက်သံထင်တာ၊ ပြီး မှ အပစ်ခံရမှန်းသိတာ၊ သူက မောင်မယ်ရှောင်ရွာတဝိုက်မှာ နာမည်ကြီး သတင်းပေးပဲ။ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ အုပ်ချုပ်ရေးပိုင်းလူကြီးတွေနဲ့ ထဲထဲဝင်ဝင် တရင်းတနှီးလည်းရှိတယ်။ သူ့ကြောင့် ရွာမှာ အဖမ်းခံရတဲ့လူငယ် တွေ မနည်းဘူး။ ရှောင်တိမ်းနေကြရတာတွေလဲရှိတယ်“ ဟု ပြောသည်။

ကိုမိုးမြင့်ဦး(ခ) ဖိုးလူမဲသည် ကားပေါ် ခရီးသည် အတင်အချကို ကားထဲတွင် ထိုင်စောင့်နေစဉ်  ဆိုင်ကယ်တစ်စီး နှင့် အမည်မသိ လူနှစ်ယောက်က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

အခင်းဖြစ်ပွားချိန် ကားပေါ်ပါလာသူ ခရီးသည်အချို့မှာ နီးစပ်ရာဈေးဆိုင်ခန်းများသို့ ဆင်းပြေးပုန်းရှောင်ခဲ့ကြ ရပြီး ယာဉ်မောင်း ကိုမိုးမြင့်ဦးမှာ ကားခေါင်းယာဉ်မောင်းနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု မောင်မယ်ရှောင် ကျေးရွာက ရွာသားတစ်ဦးက ပြောသည်။

ပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကိုမူ မသိရှိရသေးပေ။

ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အနီးတစ်ဝိုက်က နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေ စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံကျေးရွာသားများက ပြောသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...