အားလုံးပါဝင်ပြီး ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်နိုင်ရန် မူဝါဒ ဆွေးနွေးပွဲ ကျင်းပမည်

အားလုံးပါဝင်ပြီး ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်နိုင်ရန် မူဝါဒ ဆွေးနွေးပွဲ ကျင်းပမည်
by -
မဇ္ဈိမ
မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းစေရေးအတွက် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ မူဝါဒ ဆွေးနွေးပွဲတစ်ခုကို Action Aid Myanmar ၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် မဇ္ဈိမမီဒီယာတို့ပူးပေါင်းကျင်းပမည်ဖြစ်သည်။

miz1901"မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွက် မူဝါဒဆွေးနွေးပွဲ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ဇွန်လ ၁၈ရက်တွင် ရန်ကုန်မြို့ Inya Lake ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

အားလုံးပါဝင်ပြီး ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုရာ၌ မြန်မာနိုင်ငံတွင်း ပြည်နယ် နှင့် တိုင်းဒေသကြီးအားလုံးတွင် ပြည်သူအားလုံးပါဝင်ပြီး ညီမျှသည့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိရေးကို ဆိုလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာကွာဟမှု၊ ပြည်နယ် နှင့်တိုင်းများအကြား ဖွံ့ဖြိုးမှု ကွာဟခြင်းတို့ ဖြစ်ပေါ်လျက်ရှိရာ ညီမျှသည့် ရေရှည်ဖွ့ံဖြိုးမှု ဖြစ်ထွန်းရေးအတွက်၊ မညီမျှမှုများကို ခွဲခြမ်းစိပ်ဖြာ နားလည် သဘောပေါက်ရန် နှင့် ဓနဥစ္စာ ပြန်လည်ခွဲဝေမှုတို့အတွက် မူဝါဒများ ချမှတ်နိုင်ရန် ရည်ရွယ်၍ အဆိုပါ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။

ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒများ ချမှတ်ရာတွင် ပြည်သူများ၏ လက်ရှိအခြေအနေဖြစ်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုများကို ထည့်သွင်းစဉ်းစားရန်လည်း အဆိုပါ ဆွေးနွေးပွဲမှတစ်ဆင့် ရရှိစေရန် ရည်ရွယ်ထားသည်။

အဆိုပါ မူဝါဒဆွေးနွေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတလွှား  ဒေသဆိုင်ရာ ကွာဟမှုနှင့် မညီမျှမှုများကို နားလည် သဘောပေါက်စေခြင်း၊ စီးပွါးရေး မညီမျှမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကြံုတွေ့ရမည့် သာဓကများနှင့် စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံအတွင်း အားလုံးပါ၀င်ကာ ညီမျှသည့် လူမှှုစီးပွား ဖွံ့ဖြိုးတိုးတက်မှှု ဖြစ်ထွန်းအောင် ကိုင်တွယ်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ အစိုးရ၏ မူဝါဒဆိုင်ရာ ကြိုးပမ်းမှုများ၊ အားလုံးပါဝင်ကာ ညီမျှသည့် လူမှှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပတ်သက်၍ ပုဂ္ဂလိက ကဏ္ဍ၏ အခန်းကဏ္ဍများ စသည်တို့ကို အဓိကထားဆွေးနွေးမည်ဟု သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများ၊ INGOs, NGOs ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တက်ရောက်ကာ ဆွေးနွေးမည်ဖြစ်သည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...