လမ်းမတော် ထွေအုပ်ရုံးအနီး ပေါက်ကွဲမှု လေးကြိမ်ဖြစ်

လမ်းမတော် ထွေအုပ်ရုံးအနီး ပေါက်ကွဲမှု လေးကြိမ်ဖြစ်

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အနီးတွင် ယနေ့ နံနက် ပိုင်းက ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်တစ်စီးလည်း မီးလောင်သွားသည်ဟု အဆိုပါ မြို့နယ် အတွင်း နေထိုင်သူများက ပြောသည်။

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်ပြတ်သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းမတော် ၁၃ လမ်းအတွင်းရှိ အထပ်မြင့်တိုက်ခန်းများပေါ်ကိုပါ တက်ရောက်စစ်ဆေးနေသည်ဟု အဆိုပါလမ်းအတွင်း နေထိုင်သူများက ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ (ယနေ့)၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ “မနက်က အုန်းကနဲ့ အုန်းကနဲ့ အသံအကျယ်ကြီး လေးခါကြားရတယ်။ ပေါက်တာတော့ တော်တော်ပြင်းတယ်။ တိုက်တွေပါတုန် တယ်” ဟု လမ်းမတော်မြို့နယ် ၉လမ်းတွင် နေထိုင်သည့် အသက် ၃၀ ကျော် အရွယ် အမျိုးသားတစ်ဦးက ပြော သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ကမ်းနားလမ်းအား ပိတ်ဆို့စစ်ဆေးကာ လမ်း ဘေးဈေးသည်များကိုလည်း စျေးပြန်သိမ်းခိုင်းခဲ့သည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။

မော်တင်မှတ်တိုင်အနီးတွင်နေ ထိုင်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကလည်း “မီးလောင်သွား တဲ့ ကားပေါ်မှာပဲ ဗုံးပေါက်တာဖြစ်မယ်။ ပေါက်တဲ့နေရာက ကမ်းနားလမ်း အမြန်လမ်းမပေါ်မှာ ဖြစ်တာ။ ပေါက် တဲ့နေရာက ကားတွေ ရပ်လေ့ရပ်ထသိပ်မရှိဘူး” ဟု ပြောသည်။

ယနေ့နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်အပြင် ပန်းဘဲတန်းမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့တွင်လည်း ပေါက်ကွဲ မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံပြည်သူများက ပြောသည်။

နိုဝင်ဘာလ ၁၀ရက်နေ့(ယနေ့) နံနက်ပိုင်းမှာပင် ပန်းဘဲတန်းမြို့နယ် အတွင်းရှိ ဗိုလ်ချုပ်ဈေးနှင့် လှည်းကူးမြို့ နယ်၊ မီတာရုံးတို့တွင်လည်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...