ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် လောင်း တစ်ဦး ပစ်သတ်ခံရ

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် လောင်း တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း တစ်ဦး ယနေ့ နံနက်တွင် ပစ်သတ်ခံလိုက်ရသည်ဟု ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီထံမှ သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးဆန်းထွန်းဦးသည် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်က ဇုတ်သုတ်ကျေးရွာ တိုက်နယ်ဆေးရုံရှေ့ တွင် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဘီးလင်းဒေသခံတစ်ဦးက “တိုက်နယ်ဆေးရုံရှေ့မှာ တခြားသူတွေနဲ့ ထိုင်စကားပြောနေတဲ့ အချိန်မှာ သေနတ် သမားတွေက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဦးဆန်းထွန်းဦးကို ပစ်သွားတယ်။ ရသွားတဲ့ သေနတ်ဒဏ်ရာတွေနဲ့ သေသွားပြီးလို့ သိရတယ်" ဟု ပြောသည်။

ဦးဆန်းထွန်းဦးသည် ဇုတ်သုတ်ကျေးရွာ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများအရေးနှင့် ကို ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများအတွက် တိုက်နယ်ဆရာဝန်နှင့် ဆွေးနွေးနေစဥ် အမည်မသိ သေ နတ်သမားများက လာရောက် ပစ်ခတ်ခဲ့သည်ဟု မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရသည့် ဦးဆန်းထွန်းဦးသည် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းလည်း မွန်ပြည်နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောသည်။

ဦးဆန်းထွန်းဦးသည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောင်ယှဥ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် မဲရှုံးနိမ့်ထားသူ ဖြစ်သည်။

ဦးဆန်းထွန်းဦး ပစ်သတ်ခံလိုက်ရသည့် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိနေလာပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် မေလကလည်း ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်ဆွေနှင့် ဇနီး တို့ သေနတ်ပစ်ခံရပြီး ဦးမြင့်ဆွေ သေဆုံးသွားခဲ့သည့်ဖြစ်စဥ်တစ်လည်း ဖြစ်ပွားခဲ့သည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...