သမဂ္ဂ ခေါင်းဆောင်ကို မတွေ့သဖြင့် မိခင်နှင့် ညီမကို ဖမ်း

သမဂ္ဂ ခေါင်းဆောင်ကို မတွေ့သဖြင့် မိခင်နှင့် ညီမကို ဖမ်း

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ မသီရိမိုးကို လာရောက်ရှာဖွေဖမ်းဆီးရာ မတွေ့သဖြင့် မိခင်နှင့် ညီမဖြစ်သူတို့ကို စစ်ကောင်စီက နိုဝင်ဘာလ ၈ ရက်နေ့၊ ညက ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောသည်။

ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာတွင်နေထိုင်သူ မသီရိမိုးကို စစ်ကောင်စီက  ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ဝရမ်းထုတ်ထားခဲ့သည်။

မသီရိမိုးလာရောက်ဖမ်းဆီးရာ မတွေ့သဖြင့် မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးနှင့် ညီမ မရွှေရည်မိုးတို့ နှစ်ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူအချို့ က ပြောသည်။

ဆွေမျိုးတော်စပ်သူ တစ်ဦးက “အိမ်စီးကားနှစ်စီး အရပ်ဝတ်တွေနဲ့ လာဖမ်းတာ။ အိမ်ထဲမှာ မွေနှောက် ရှာပြီး တာနဲ့ ဖုန်းတွေကို သိမ်းပြီး သားအမိ နှစ်ယောက်စလုံးကို ခေါ်သွားတာ” ဟု အတည်ပြု ပြောသည်။

မသီရိမိုး၏ မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးသည် အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး ညီမဖြစ်သူ မရွှေရည်မိုး သည် အသက် ၁၆ နှစ်အရွယ်သာ ရှိသေးသည်ဟု မိသားစုဝင်များက ပြောသည်။

မသိရီမိုးသည် စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြပွဲများတွင် စတင်ပါဝင်သည့် အချိန်မှ ယနေ့အချိန်ထိ နေအိမ်မှဆင်းသွားခဲ့ကာ မိသားစုဝင်များနှင့် အဆက်အသွယ်လုပ်ခဲ့ခြင်းမရှိဟု ဆွေမျိုးတော်ဆပ်သူ က ဆက်ပြောသည်။

လက်ရှိတွင် အဖမ်းခံထားရသည့် မသီရိမိုး၏ မိခင်နှင့် ညီမဖြစ်သူတို့ကို ထားဝယ်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်း ထားသည်ဟု သိရသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...