စာသင်ကျောင်း ဗုံးကွဲမှု ၎င်းတို့လက်ချက်မဟုတ်ကြောင်း PDF ထုတ်ပြန်

စာသင်ကျောင်း ဗုံးကွဲမှု ၎င်းတို့လက်ချက်မဟုတ်ကြောင်း PDF ထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဖြစ်ပွားခဲ့သည့် ဗုံး ပေါက်ကွဲမှုမှာ ၎င်းတို့ ပြုလုပ်ခဲ့ခြင်းမဟုတ်ဟု ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန် လိုက်သည်။

ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့၊ ညဦးပိုင်းအချိန်ခန့်က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒေါက်ရပ်ကျေးရွာ ဒေသခံတစ်ဦးက "စာသင်ကျောင်းကို တိုက်ခိုက်တာကတော့ မဖြစ်သင့်ဘူး။ ဘယ်သူပဲ  လုပ် လုပ် မလုပ်သင့်ဘူး။ အခုဆိုရင် အကုန် လုံးက စိုးရိမ်နေကြရတယ်။ ကျောင်းတွေလည်း ပြန်ဖွင့်နေတော့ ကျောင်းတက်တဲ့ ခလေးတွေလည်း ရှိနေ တယ်" ဟု ပြောသည်။

အဆိုပါ စာသင်ကျောင်း ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိသူ မရှိဟု ဒေသခံများက ပြောသည်။

ဒေါက်ရပ်ကျေးရွာ အထက်တန်းကျောင်းခွဲ ဗုံးပေါက်ကွဲမှုသည် စစ်ကောင်စီအနေဖြင့် PDF နှင့် EAO များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဘီးလင်းမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့က စွပ်စွဲထားသည်။

ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် NUG အစိုးရမှ ချမှတ်လမ်းညွှန်ထားသည့် စည်းမျဥ်း စည်းကမ်း များကို လိုက်နာစောင့်ထိန်လျှက်ရှိသည်ဟုလည်း ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပြော ဆိုထားသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...