PSI ဂြိုလ်တု စလောင်းများ ဖမ်းဆီး

PSI ဂြိုလ်တု စလောင်းများ ဖမ်းဆီး

ဧရာဝတီတိုင်း၊ နေအိမ်အချို့တွင် PSI ဂြိုလ်တု စလောင်း တပ်ဆင်ထားသူများ ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့ ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် သတင်းပေးများက မအူပင်မြို့ အမှတ် ၆ ရပ်ကွက်ရှိ နေအိမ်များတွင် တပ်ထားသည့် PSI ဂြိုဟ်တု စလောင်းများကို လိုက်လံဖြုတ်ယူပြီး အိမ်ရှင်များကိုလည်း ဖမ်းဆီးသွားခြင်း ဖြစ် သည်။

"ပစ္စည်းတော့ သိမ်းထားတယ်။ ဖမ်းသွားတဲ့သူ တချို့တော့ ဒဏ်ဆောင်ခိုင်းပြီး ပြန်လွှတ်ပေးတယ်" ဟု ဒေသခံ တစ်ဦး က ပြောသည်။

အမှတ် ၆ ရပ်ကွက် တစ်ခုတည်းတွင်သာ သတင်းပေးများ၏ လမ်းပြမှုဖြင့် အဖမ်းခံရ သူ ၁၅ ဦးခန့်ရှိပြီး ဒဏ်ငွေ မည်မျှ အတပ်ခံသည်ကို မသိရသေးဘူးဟု အဆိုပါ ဒေသခံက ပြောသည်။

မအူပင်မြို့တွင် PSI ဂြိုလ်တု စလောင်းများ အသုံးမပြုရန်၊ မလိုက်နာပါက ငွေဒဏ်၊ ထောင်ဒဏ် ပြစ်ဒဏ်ကျခံရ မည်ဟု စစ်ကောင်စီက အသံချဲ့စက်ဖြင့် လိုက်လံ သတိပေးခဲ့သည်ဟု ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ ဝင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။

မအူပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်ဘီး၊ ဆိုက်ကားများတွင် အချက်ပေးဘဲလ် နှင့် ရောင်ပြန် မတပ်သူများ၊ ဖိနပ်မစီးသူ ဆိပ်ကမ်းလုပ်သားများနှင့် ပလက်ဖောင်းမှ လမ်းမလျှောက်သူများကိုလည်း ဖမ်းဆီး ဒဏ်ငွေတပ်မှုများ ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...