မအူပင် တက္ကသိုလ်တွင် ကျောင်းသူ/ကျောင်းသားများအား နည်းပြရာထူး ခန့်အပ်

မအူပင် တက္ကသိုလ်တွင် ကျောင်းသူ/ကျောင်းသားများအား နည်းပြရာထူး ခန့်အပ်

မအူပင်တက္ကသိုလ် သမိုင်းဌာနတွင် ကျောင်းသား/ကျောင်းသူ ၉ ဦးကို နည်းပြ ရာထူးနေရာ ခန့်အပ်လိုက်သည်ဟု မအူပင်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် CDM ပြုလုပ်နေသည့် ဆရာ/ဆရာမများ ၏ နေရာတွင် ကျောင်းသား ၁ ဦးနှင့် ကျောင်းသူ  ၈ ဦးတို့ကို နည်းပြရာထူး ခန့်အပ်ခြင်းဖြစ်သည်။

မအူပင်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းသားဟောင်းတစ်ဦး က ”တခြားတော့ မရှိပါဘူး။ သူတို့က တည်ငြိမ်နေပါတယ် အဆင်ပြေနေတယ်။ အေးအေးဆေးဖြစ်နေတယ် ဆိုပြီး ပြချင်တာသက်သက်ပါ“ ဟု ပြော သည်။

စစ်ကောင်စီက ခန့်ထားသည့် ပါမောက္ခချုပ် ဒေါက်တာနီနီဦး က ခန့်အပ်ခြင်းဖြစ်ပြီး CDM ပြုလုပ်နေသည့်  ဆရာ မ ၇ ဦး ကိုလည်း တာဝန်မှ အသီးသီး ထုတ်ပယ်ခဲ့သည်ဟု မအူပင်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ဆိုသည်။

စစ်တပ်၏ အာဏာသိမ်းမှုကို မလိုလားသဖြင့် နည်းပြလျှောက်လွှာမတင်သည့် ကျောင်းသား/ကျောင်းသူ များ လည်းရှိနေသည်ဟု သိရသည်။

မအူပင်တက္ကသိုလ်တွင် ဆရာမ ၃၀ ရာခိုင်နှုန်းခန့် လက်ရှိအချိန်ထိ CDM ဝင်ထားဆဲဖြစ်သည်ဟု တက္ကသိုလ်နည်း ပြ ဆရာမတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကျောင်းသား/ကျောင်းသူများကို နည်းပြနေရာတွင် ခန့်အပ်ခြင်းကို မအူပင် သမိုင်းအထူးပြု ကျောင်း သား/ကျောင်းသူများအသင်းက လက်မခံဆန့်ကျင်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့က သဘောထား တစ်စောင် ထုတ်ပြန် ထားသည်။

မအူပင် တက္ကသိုလ်တွင် သမိုင်းအထူးပြု အပါအဝင် အထူးပြုဘာသာရပ် ၁၂ ဘာသာ ရှိပြီး အခြားဌာနများတွင် လည်း သမိုင်းဌာနကဲ့သို့ ကျောင်းသား/ကျောင်းသူများကို ဆက်လက် ခန့်အပ်သွားမည် ဟု သိရသည်။

စစ်ကောင်စီခန့် ပါမောက္ခချုပ်က ကျောင်းသား/သူများကို နည်းပြရာထူးခန့်အပ်ပေးနေသည့် အခြားတဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUD ၏ ပညာရေးဝန်ကြီးဌာနကလည်း မအူပင်တက္ကသိုလ်အပါအဝင် မြန်မာ နိုင်ငံတဝှမ်း တက္ကသိုလ်များတွင် စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေကြသူ ၁၀၇ ဦးကို ရာထူးမှ ထုတ် ပယ်ကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...