CNG ကားများ ဓါတ်ငွေ့လေပေါင်မပြည့်၍ အခက်ကြုံ

CNG ကားများ ဓါတ်ငွေ့လေပေါင်မပြည့်၍ အခက်ကြုံ

CNG လောင်စာသုံး အငှါးယာဉ်မောင်းများ နိုဝင်ဘာလဆန်းမှ စတင်၍ ဓါတ်ငွေ့လေပေါင် မပြည့်နိုင်၍ အခက် အခဲဖြစ်နေရသည်ဟု ယာဉ်မောင်းများက ပြောသည်။

CNG ယာဉ်မောင်းများအနေဖြင့် ဓါတ်ငွေ့လေပေါင် တစ်ကြိမ်တန်းစီလျှင် ၃နာရီကျော်ကြာမြင့်ကာ တန်းစီချိန် များပြီး ယာဉ်မောင်းချိန်နည်းသွားကြသည်။

ယာဉ်မောင်းအတွေ့အကြုံ အနှစ် ၂၀ ခန့်ရှိသူ အငှားယာဉ်မောင်းတစ်ဦး က “ဘယ်လိုပြောရမလဲ ဂက်စ်လည်း အကုန် မြန်တယ်။ အရည်အသွေးလည်း မကောင်းတော့ စလိုးဒေါင်းတွေ ဘာတွေလည်း မမှန်တော့ဘူး။  ဘယ် ဆိုင်က ပေါင်ပြည့်လဲဆိုပြီး လိုက်ဖြည့်နေရတယ်“ ဟု ရှင်းပြသည်။

ယခင်က ၇၀ လီတာ အိုးတစ်အိုး တစ်ကြိမ်ဖြည့်လျှင် ကီလိုမီတာ ၁၄၀ ခန့် အထိ မောင်းနိုင်သော်လည်း ယခု ကီ လိုမီတာ ၉၀ ခန့်သာ မောင်းနိုင်သဖြင့် ဓါတ်ငွေ့ကုန်လျှင် သွားပြန်ပြန်ဖြည့်နေရပြီး CNG ဆိုင်မှာပဲ အချိန်ကုန်နေရ သည်ဟု လှိုင်မြို့နယ်က CNG ယာဉ်မောင်းတစ်ဦးက ပြောသည်။

CNG ခဏခဏ ပြန်ဖြည့်နေကြရသဖြင့် စောင့်ဆိုင်းချိန်သည် နံနက် ၆ နာရီ တန်းစီလျှင် နံနက် ၉ နာရီခွဲ အချိန်ခန့်မှ ဖြည့်ခွင့်ရသော်လည်း လေပေါင်မပြည့်သည့်အပြင် CNG အရည်အသွေးလည်း မကောင်းဟု  အငှားယာဉ် မောင်း အတွေ့အကြုံ နှစ် ၂၀ ရှိသူ ယာဉ်မောင်းက ဆက်ပြောသည်။

CNG ဈေးနှုန်းမှာမူ ယခင်အတိုင်း ၇၀ လီတာ တစ်အိုးဖြည့်လျှင် ၂၈၀၀ ကျပ်၊ ၃၀၀၀ ကျပ် ခန့်သာ ပေးရသော်လည်း ယာဉ်မောင်းချိန် လျော့သဖြင့် ဝင်ငွေကျဆင်းသည်ဟု အငှားယာဉ်မောင်းများက ပြောသည်။

လက်ရှိ အချိန်တွင် ရန်ကုန်မြို့၌ CNG ဂတ်စ် ဆိုင်ပေါင်း ၄၁ ဆိုင် ရှိပြီး ၁၀ ဆိုင်မှာ တက္ကစီ သီးသန့်ဆိုင်များ ဖြစ် သည်။ အဆိုပါဆိုင်များမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ရေနံနှင့် သဘောဝ ဓာတ်ငွေ့ လုပ်ငန်းက ဟု  သိရ သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း AA၊ BB၊ CC စသည့် နံပါတ် အနီအငှားယာဉ် စုစုပေါင်း ၄ သောင်းနီးပါးခန့် ရှိပြီး ကိုယ်ပိုင်ကား နံပတ် အနက်မှ အငှားယာဉ် အဖြစ် ပြောင်းလာသည့် ယာဉ်အရေအတွက်မှာ ၂၇၀၀၀ ခန့်ရှိရာ ပျှမ်းမျှအစီးရေ ၆၆၀၀၀ ကျော်ရှိသည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ယခင်စာရင်းများအရ သိရသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...