စာသင်ကျောင်း ဗုံးကွဲမှု အရပ်သား ၇၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

စာသင်ကျောင်း ဗုံးကွဲမှု အရပ်သား ၇၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

 ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် “ရွေး” ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ဗုံးပေါက်ကွဲ မီးလောင်မှုနှင့် ပတ်သက်၍ ဒေသခံ ၇၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားသည်။

နိုဝင်ဘာလ ၅ ရက်နေ့(ယနေ့) နံနက်ပိုင်းက စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး ရွာ ရှိ လူကြီးလူငယ်များအား မသင်္ကာသူများဟု စွပ်စွဲပြီး ရိုက်နှက်စစ်ဆေးကာ ဖမ်းသွားခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

"ရုပ်ရှင်ထဲမှာ မြင်ဖူးတဲ့ ရွာထဲ သူပုန်ဝင် သလိုပါပဲ။ ဆဲဆိုကြိမ်းမောင်းတာ မိုးမွန်တယ်။ လက်ပြန်ကြိုး တုတ်ပြီး ဖမ်းတာ။ ရိုက်တာများ မမြင်ရက်ဘူး" ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

ကျေးလက် မီးလင်းရေး စီမံကိန်း လုပ်ဆောင်ပေးနေသည့်အဖွဲ့မှ မီးဆင်နေသူ ၁၉ ဦး၊ ရွေး ကျောင်း အစောင့်နှင့် လယ်ယာလုပ်ကိုင်နေသူ အယောက် ၅၀ ကျော်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် အချို့က အတည်ပြု ပြောသည်။

အကြောင်းမဲ့ မစာမနာရိုက်နှက်မှုကြောင့် ဒေသခံများအနေဖြင့် စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ ဝင်များကို ထိတ်လန့် ရွံရှာနေကြသည်ဟု ဒေသခံများက ဆိုသည်။

“ရွေး” ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် နိုဝင်ဘာလ ၄ ရက်နေ့၊ ညပိုင်းက ဆရာ/ဆရာမများ နားနေဆောင်အတွင်း ဗုံးပေါက်ကွဲပြီးနောက် အခန်း ၂ ခန်း မီးလောင်ကျွမ်းသွားသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် အဆိုပါကျောင်းအတွင်း လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက ကျောင်းဝန်းအတွင်း မပေါက်ကွဲသေးသည့် ဗုံး တစ်လုံးကို ထပ်မံတွေ့ရှိရသည်ဟု ပြောဆိုခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့က ပြောသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...