အထက်တန်းကျောင်းတွင် ပေါက်ကွဲမှုဖြစ်၊ မပေါက်ကွဲသေးသော ဗုံးများတွေ့

အထက်တန်းကျောင်းတွင် ပေါက်ကွဲမှုဖြစ်၊ မပေါက်ကွဲသေးသော ဗုံးများတွေ့

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း အထက်တန်းကျောင်း တစ်ကျောင်းတွင် နိုဝင်ဘာ ၄ ရက်နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကန်ကြီးထောင် မြို့နယ် “ရွေး" ကျေးရွာရှိ အခြေခံပညာ အထက်ကျောင်းတွင် အဆိုပါနေ့ ည ၇ နာရီခွဲကျော် တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က ည ၈ နာရီကျော် အချိန်ခန့်တွင် ရောက်လာပြီး စာသင်ကျောင်းကို ထပ်မံ စစ်ဆေးခဲ့သည်ဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့က ပြောသည်။

 

"စစ်တပ်က ဝင်ရှင်းတော့ မပေါက်သေးတဲ့ ဗုံးထပ်တွေ့တယ်လို့ပြောတယ်။ ကျောင်းသားတွေ မရှိတဲ့ အချိန် ပေါက်လို့တော်သေးတယ်" ဟု အုပ်ချုပ် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

ပေါက်ကွဲမှုကြောင့် ကျောင်းဝန်းအတွင်းရှိ ဆရာ/ဆရာမနားနေခန်း မီးလောင်သွားသည်ဟု ဒေသခံများက ပြော သည်။

ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦများ နှင့် ပြည်သူပိုင်နေအိမ်များကို ထိခိုက်အောင် လုပ်ဆောင်မည် မဟုတ်ကြောင်း ကျောင်းများ ပြန်မဖွင့်မှီက ကြိုတင် သတင်းထုတ်ပြန်ထားသည်။

 

နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက မြောင်းမြမြို့တွင်ရှိသည့် စာသင်ကျောင်း တစ်ကျောင်း မီးလောင် ကျွမ်းမှုဖြစ် ပွားခဲ့ရာ စစ်ကောင်စီ၏ ဝါဒဖြန့် ရုပ်သံသတင်းဌာန MRTV က PDF အကြမ်းဖက်များက မီးရှို့လိုက်ခြင်းဖြစ် သည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

 

သို့သော် အဆိုပါမီးလောင်ကျွမ်းမှုက စာသင်ကျောင်းအနီး နေထိုင်သည့် အရက်ကြောင်နေသူ တစ်ဦးက မီးရှို့ ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...