ရေးမြို့တွင် စစ်ကောင်စီ ထောက်တိုင်ဆိုသူတစ်ဦး သေနတ်ပစ်ခံရ

ရေးမြို့တွင် စစ်ကောင်စီ ထောက်တိုင်ဆိုသူတစ်ဦး သေနတ်ပစ်ခံရ

မွန်ပြည်နယ်၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ရေးမြို့နေ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။

 

အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ရပ်တည်နေသည့်အတွက် ယခုကဲ့သို့ ပစ်ခတ်ခဲ့ရခြင်းဖြစ်သည် ဟုလည်း ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ရေးမြို့၊ အောင်သုခရပ်ကွက်နေ ကိုဇော်ဝင်းဆိုသူသည် နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်က နေအိမ်တွင်ရှိနေစဥ် သေနတ်သမားများက သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

 

“ခြေထောက်မှာ ထိသွားတယ်လို့ သိရတယ်။ ဒဏ်ရာရပြီးတော့ မော်လမြိုင်ကို ပို့လိုက်တယ်။ အဲ့လိုပဲ ကြား တယ် သေချာတော့ မသိဘူး" ဟု ရေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

 

ကိုဇော်ဝင်းသည် သေနတ်ဒဏ်ရာများရရှိပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

 

ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ဆက်သွယ် အလုပ်အကျွေးပြုနေသော ဒလံများ၊ သတင်းပေး များ၊ ပျူစောထီးများနှင့် အခြားသော စစ်ကောင်စီ၏ လက်ပါးစေမှန်သမျှကိုလည်း အမှန်တရားဘက် အမြန်ဆုံးရပ်တည်ကြရန် အသိပေးထုတ်ပြန်ထားသည်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း၌ သေနတ်သမားများ၏ ပစ်ခတ်မှုဖြစ်စဉ်များ  ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး လူသေဆုံးမှုများလည်း ရှိနေသည်။

 

အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများ၊ နိုင်ငံရေးပါတီဝင်များ ပစ်သတ်ခံနေရခြင်းဖြစ်သည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...