အထက ၆ တောင်ဒဂုံ မီးပုလင်းဖြင့်ပစ်ခံရ

အထက ၆ တောင်ဒဂုံ မီးပုလင်းဖြင့်ပစ်ခံရ

အာဏာဖီဆန်မှု မလုပ်သည့် (Non CDM) ဆရာ၊ ဆရာမများရှိနေသည့် တောင်ဒဂုံမြို့နယ်ထဲက အမှတ် ၆ အခြေခံပညာ အထက်တန်းကျောင်း မီးပုလင်းဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေထိုင်သူများက ပြောသည်။

 

တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၌တည်ရှိသည့် အဆိုပါအထက်တန်းကျောင်းကို အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် မီးပုလင်းဖြင့် ပစ်ခတ်ခံရသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

 

၅၄ ရပ်ကွက်လူငယ်တစ်ဦးက “ညနေ ၄ နာရီလောက်က လာပစ်သွား တာ။ Non CDM ဆရာမ တွေကိုသတိပေးတဲ့အနေနဲ့ ကျောင်းဝင်ပေါက်ကိုပဲ ပစ်တာ လူထိခိုက်တာတွေ တခြား ပစ္စည်းတွေမီးလောင်တာမျိုးတော့မရှိဘူး” ဟု ပြောသည်။

 

အဆိုပါကျောင်းတွင် Non CDM ဆရာ၊ ဆရာမများရှိနေသည့်အပြင် ကျောင်းတက်နေသည့် ကျောင်းသား/ သူ အချို့ရှိနေသဖြင့် သတိပေးခြင်း ဖြစ်နိုင်သည်ဟု ၅၄ ရပ်ကွက်အတွင်းနေထိုင်သူများက ဆိုသည်။

 

လက်ရှိတွင် အမှတ်-၆ အခြေခံပညာ အထက်တန်းကျောင်းတွင် Non CDM ဆရာ/ဆရာမ အထက်တန်းပြ ၁၄ ဦး နှင့် အလယ်တန်းပြ ၁၆ ဦး စုစုပေါင်း အယောက် ၃၀ ခန့်ရှိနေသည်ဟု သိရသည်။

 

တောင်ဒဂုံမြို့နယ် ၅၃၊ ၅၄၊ ၅၆ ရပ်ကွက်များသည် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များပြုလုပ်ခဲ့စဉ်က စစ် ကောင်စီ၏ အကြမ်းဖက်ဖြိုခွဲမှုကို စနစ်တကျခုခံခဲ့သည့် ရပ်ကွက်များဖြစ်ပြီး  လက်နက်ကြီးများ အသုံးပြု ကာ ဖြိုခွင်းခဲ့ရသည်အထိ တွေ့ကြုံခဲ့ရသည်။

 

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် တောင်ဒဂုံတွင် သေဆုံးသွားခဲ့သည့် ကျောင်းသား၊ ကျောင်းသူများရှိခဲ့ပြီး ယခု စစ်ကောင်စီမှ ပြန်လည်ဖွင့်လှစ်သည့် ကျောင်းများကို တက်ရောက်နေသည်မှာ မဖြစ်သင့်ဘူးဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...