ကသာခရိုင်တိုက်ပွဲများကြောင့် အမျိုးသမီးနှင့်ကလေးငယ်များ ထိခိုက်မှုရှိနေ

ကသာခရိုင်တိုက်ပွဲများကြောင့် အမျိုးသမီးနှင့်ကလေးငယ်များ ထိခိုက်မှုရှိနေ

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အစပ်တို့တွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေပြီး စစ်ကောင်စီ တပ်ဖွဲ့များပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူအချို့ လက်နက်ကြီး ကျည်စထိမှန်မှုရှိနေသည်။

 

ရွှေကူမြို့က အသက် ၅၀ ခန့်အရွယ် ကချင်အမျိုးသား တစ်ဦးက ”ရော မော်တာတွေ စိန်ပြောင်းတွေဆိုတာ သူ တို့မှာပဲရှိတာလေ။ အိမ်လား ဘုရားကျောင်းလား ဘုန်းကြီးကျောင်း ရွေးမနေဘူး။ ထိချင်တာထိ ဆိုပြီး လက် နက်ကြီးနဲ့ ပစ်နေတော့တာပဲ“ ဟု ပြောသည်။

 

ကသာခရိုင် ရွှေကူနယ်အစပ်ရှိ မင်းကျောင်းကုန်းတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ရာ၊ မိနစ် ၃၀ ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူများ လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့၊ ညပိုင်းအချိန်ကလည်း ကသာမြို့၊ မိုးတား အထက်တန်းကျောင်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပစ်ခတ်မှုများ ကြောင့် အမျိုးသမီးနှင့် ကလေးများ အပါအဝင် ၅ ဦး ခန့် လက်နက်ကြီးစထိမှန်ခဲ့သည်။

 

စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များကြောင့် မိုးတားဘုရားကြီးကျောင်းလည်း ထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

 

လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူအချို့  မြစ်အရှေ့ဘက်ကမ်း ဘိုကုန်းကျေးရွာ ဘက်သို့ ရှောင်တိမ်းသွားသည်များလည်း ရှိနေသည်ဟု မိုးတားရွာသား တစ်ဦးက ပြောသည်။

 

“အိုကြီးအိုမ မသွားမလာနိုင်တဲ့ သူတွေပဲ ကျန်နေတာပ။ ပြေးနိုင်တဲ့ သူတွေကတော့ ပြေးကြတာပ” ဟု မိုးတား ရွာသားက ပြောသည်။

 

အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ကသာမြို့နယ်၊ ချောင်းဝကျေးရွာတွင် တိုက်ပွဲနှစ်ကြိမ်၊ မင်း ကျောင်းကုန်းတွင် တစ်ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ PDF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ် ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကို စက်လှေဖြင့် ရွှေကူမြို့ဘက်ကို သယ်ဆောင် သွားသည်ဟု ဒေသခံများက ဆိုသည်။

 

”အရင်တုန်းက ဒဏ်ရာရတဲ့သူတွေကို ပရဟိတကားတွေနဲ့ သယ်ခိုင်းတာမျိုးရှိတယ်။ အခုတော့ သတင်းပေါက် မှာစိုးလို့ထင်တယ် သယ်မခိုင်းတော့ဘူး“ ဟု ဒေသခံတစ်ဦး က ပြောသည်။

 

ထို့အပြင် အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ်၊ ကြက်သေချောင်းကျေးရွာတွင်  မန္တလေးဘက်မှ တက်လာသည့် ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို ၇ မိုင်ဂိတ် အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့် PDF အဖွဲ့ တာဝန်ရှိသူ ကပြောသည်။

 

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် PDF အဖွဲ့ဝင်များ ဆုတ်ခွါသွားချိန်တွင် စစ်ကောင်စီတပ်ဘက်က ၆၀ မမ စိန်ပြောင်း ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု အဆိုပါ PDF တာဝန်ရှိသူက ပြောသည်။

 

 

ဓါတ်ပုံ- မိုးတားကျေးရွာမှ ရွာသားအချို့ ကျည်စထိမှန်ခဲ့သည့်ပုံ (CJ)

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...