ရေဖြူမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့များ တစ်ရက်အတွင်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

ရေဖြူမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့များ တစ်ရက်အတွင်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ နိုဝင်ဘာလ ၃ ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရသည်။

 

နိဝင်ဘာ ၃ ရက် နံနက် ၆ နာရီအချိန်ခန့်က သစ်ကတိုးကျေးရွာမှ မြေးခန္တီကျေးရွာကို သွားသည့် စစ်ကောင်စီ တပ် သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးခဲ့သည့်အပြင်  ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် ကလုံးထာကျေးရွာမှ သစ်ကတိုးကျေးရွာကို စစ်ကူလိုက်သွားသည့် စစ်ကောင်စီတပ်သားများပါ နောက်တစ်ကြိမ် ထပ်မံ မိုင်းဆွဲ တိုက် ခိုက်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

 

ဒေသခံ ရွာသားတစ်ဦးက “ညနေ သုံးနာရီခွဲဝန်းကျင်အချိန်လောက် အုန်းကနဲ ပေါက်ကွဲသံ အကျယ်ကြီး ၃ ချက်ကြားရတယ်။ ရှမ်းလမ်းလို့ခေါ်တဲ့ ထီးခီးနယ်စပ်နဲ့ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ မိုင်းဆွဲခံရတာ” ဟု ပြောသည်။

 

စစ်ကောင်စီတပ်သား အယောက် ၂၀ ခန့် သည် ကလုံးထာရွာမှ ကားတစ်စီးကို အဓမ္မချောဆွဲကာ လမ်းတစ်ဝက် ခန့်အထိ လိုက်ပို့ခိုင်းခဲ့ပြီး သစ်ကတိုးကျေးရွာကို ခြေလျင်ဆက်သွားသည့် အချိန်တွင် ယခုကဲ့သို့ မိုင်းဆွဲခံရခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

 

သို့ရာတွင် မည်သည့်အဖွဲ့အစည်းက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ကို လက်ရှိအချိန်အထိမသိရသေးပေ။

 

အဆိုပါအခင်းဖြစ်ပွားသည့် နံနက်ပိုင်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ဦး ပြင်းထန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။

 

ထို့ပြင် ညနေပိုင်းတွင် ထပ်မံဖြစ်ပွားခဲ့သည့် မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်မှုအခြေအနေများကို သတင်းနှင့်မီဒီ ယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...