သန်လျင်မြို့တွင် ယာဉ်ထိန်းရဲ ၃ ဦးကို ပျောက်ကျား တပ်ဖွဲ့တစ်ခုက ပစ်သတ်

သန်လျင်မြို့တွင် ယာဉ်ထိန်းရဲ ၃ ဦးကို ပျောက်ကျား တပ်ဖွဲ့တစ်ခုက ပစ်သတ်

သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန်နှင့် အောင်သပြေလမ်းဆုံရှိ ယာဉ်ထိန်းရဲများကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ယာဉ်ထိန်းရဲ ၃ ဦးသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

 

သီလဝါစက်မှုဇုန်တွင်အလုပ်လုပ်ကိုင်နေသည့်အသက် ၂၃ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက “သုံးယောက်လုံးသေသွားတယ်လို့တော့ ကြားတယ်” ဟု ပြောသည်။

 

အဆိုပါလမ်းဆုံမှ ယာဉ်ထိန်းရဲများသည် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ ဆီဘောက်ဆာကား များနှင့် ဆိုင်ကယ်များထံမှ ငွေကြေးတောင်းယူခြင်း၊ ဆိုင်ကယ်များ သိမ်းယူခြင်းများပြုလုပ်နေကြောင်း တိုင် ကြားလာသဖြင့် Southern Fighter Force (SFF) အဖွဲ့က စုံစမ်းခဲ့သည်ဟု ယင်းအဖွဲ့က ဆိုသည်။

 

တိုင်ကြားချက်အတိုင်း အမှန်တကယ် ငွေကြေးတောင်းခံ အနိုင်ကျင့်မှုများ ရှိနေသဖြင့် SFF အဖွဲ့က သွားရောက် ပစ်ခတ်ခဲ့ပြီး အဆိုပါ ယာဉ်ထိန်းရဲများထံမှ ငွေကျပ် ၁၅၀၀၀၊ ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးကိုလည်း သိမ်းဆည်းခဲ့သည်ဟု SFF အဖွဲ့ထံမှ သိရသည်။



ယာဉ်ထိန်းရဲ ၃ ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ရောက်ရှိလာပြီး လမ်းပိတ် ဆို့ စစ်ဆေးမှုများလည်း ပြုလုပ်နေသည်ဟု အခင်းဖြစ်ပွားရာ နေရာအနီးတွင် နေထိုင်ကြသည့် ဒေသခံများက ပြောသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...