စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဟာမြင်းကြီး သတ္တုတွင်း အနီး မိုင်းဆွဲ တိုက်ခိုက်ခံရ

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဟာမြင်းကြီး သတ္တုတွင်း အနီး မိုင်းဆွဲ တိုက်ခိုက်ခံရ

ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ  မိုင်းဆွဲ တိုက် ခိုက်ခံခဲ့ရ၍ စစ်သား ၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။

 

သစ်ကတိုးကျေးရွာမှ မြေးခန္တီကျေးရွာကို သွားသည့်လမ်းတွင် ဟာမြင်းကြီး သတ္ထုတွင်းရှိရာ မြေးခန္တီကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အသက် ၃၀ နှစ်ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။

 

“မိုင်းက သုံးလုံး ဆက်တိုက်ပေါက်ကွဲတာ။ တွေ့လာတဲ့ သူ တစ်ယောက်ကတော့ ၅ ယောက်လောက်သေနေပြီး နှစ်ယောက်ကလည်း ဒဏ်ရာအတော်ပြင်းတယ်လို့ ပြောတယ်” ဟု ပြောသည်။

 

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် သစ်ကတိုးကျေးရွာက ဒေသခံရွာသား အမျိုးသား ၃ ဦး ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရွာသားအချို့က ပြောသည်။

 

သစ်ကတိုးကျေးရွာနှင့် မြေးခန္တီကျေးရွာအနီးတဝိုက် နေထိုင်ကြသည့် ဒေသခံရွာသားအချို့က စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေးခံရမည်ကို စိုးရိမ်စိတ်ပူကာ တိမ်းရှောင်နေကြရသည်။

 

ရေဖြူမြို့နယ်၊ သစ်ကတိုးရွာတွင် နိုဝင်ဘာလ ၂ ရက်နေ့(ယမန်နေ့) နံနက်အစောပိုင်း အချိန်ကစပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား တစ်ရာဝန်းကျင်ခန့် လာရောက်တပ်စွဲလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

 

နိုဝင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် မိုင်းခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကို မသိရှိ ရသေးပေ။

 

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သစ်ကတိုးကျေးရွာတွင် ရောက်ရှိနေပြီး အင်အားဖြည့်တင်းမှုများ လည်း ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...