မုံးကိုးဒေသ တိုက်ပွဲများ ဆက်ဖြစ်

မုံးကိုးဒေသ တိုက်ပွဲများ ဆက်ဖြစ်
ဓါတ်ပုံ - The Kokang’s Facebook page
ဓါတ်ပုံ - The Kokang’s Facebook page

စစ်ကောင်စီမှ မုံးကိုး ဒေသဖက်သို့ စစ်အင်အားတိုးချဲ့မှုများရှိနေပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေ သည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၃ ရက်နေ့ (ယနေ့) တစ်ရက်လုံးနီးပါးလည်း မုံးကိုးဒေသအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ် မတော် (MNDAA) တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်ဟု မုံးကိုးဒေသခံများက ပြောသည်။

မုံးကိုးဒေသခံတစ်ဦး က “ဟုတ်တယ်ဗျ တိုက်ပွဲက မနေ့ကလည်းဖြစ်တယ်။ ဒီနေ့လည်း ဖြစ်နေတယ်။ တနေ့ကုန်ပဲ။ သေနတ်သံတွေကြားနေရတာ။ ကျနော်တို့ နေတဲ့နေရာနဲ့ မဝေးဘူး။ ကျနော်တို့က အခု မုံးကိုးဗျူဟာ ကုန်းနားက ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေရတာ။ ဒီနေရာကနေလည်း အသံတွေက ကြားနေရတယ်။ မနေ့ ကစပြီးဖြစ်တာ။ ဒီနေ့လည်း မုံးကိုးအကျော်မှာ ကြားနေရတာ တနေ့လုံးပဲ။ မုံးကိုး ကုန်းတပ်အကျော် ကောင်း လုံအောက်ပေါ့ အဲ့ဒီရွာဘေးတွေမှာပေါ့” ဟု ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့တို့တွင် မုံးကိုးမြို့နယ်အတွင်း နှစ်ဖက်ကြားတိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။

ကိုးကန့် ပြန်ကြားရေးဌာန The Kokang က နိုဝင်ဘာလ ၂ ရက်နေ့ (ယမန်နေ့)က စစ်ကောင်စီဘက်က မုံးကိုး ဒေသအတွင်း စစ်အင်အားတိုးချဲ့လာသည့် အခြေအနေကိုလည်း သတင်းထုတ်ပြန်ထားသည်။

The Kokang ၏ သတင်းထုတ်ပြန်ချက်ထဲတွင် “သတင်းအချက်အလက်အရ စစ်ကောင်စီသည် စစ်ကူ အဖွဲ့နှင့် လက်နက်ရိက္ခာများကို မုံးကိုးဒေသသို့ ချောမွေ့စွာ ပို့ဆောင်နိုင်ရန်အတွက် လမ်းတလျှောက်လုံးတွင် လုံခြုံရေး အတွက် လူအင်အားတိုးချဲ့ထားပါသည်” ဟု ဖော်ပြထားသည်။

ယမန်နေ့က စစ်ကောင်စီတပ်မှ မုံးကိုးဒေသဖက်သို့ စစ်ကူရန်အတွက် မုံးကိုးခရိုင်၊ ဟေးမုံးလုံးမှ စစ်ကား ၁၇ စီး ထွက်လာခဲ့သည့်အပြင် ဖောင်းဆိုင် မှ ကျောက်ထန်ဟော် တလျှောက်တွင်လည်း လူအင်အား ၁၀၀ ကျော်ခန့်ဖြင့် လှုပ်ရှားနေသည်ဟု ဆိုသည်။

ထို့အပြင် မုံးကိုးခရိုင် လော်ကူရွာ၊ ဟွာချောင်ရွာနှင့် ဖောင်းဆိုင်မှ မုံးကိုး ဒေသလမ်းတလျှောက်တွင်လည်း စစ် ကောင်စီတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားနေသည်ဟု The Kokang က ပြောသည်။

ထိုသို့ စစ်ရေး လှုပ်ရှားနေသည့်အတွက် ယမန်နေ့က စစ်ကောင်စီတပ်များနှင့် MNDAA ကိုးကန့်တပ်တို့အကြား လားရှိုး နှင့် သိန္နိလမ်းကြားရှိ နာချန်ဒေသ မြောက်ဖက်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့အပြင် မုံးကိုးဒေသနှင့် ဖောင်းဆိုင် ဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး မုံးကိုးမှ ဖောင်းဆိုင်ဖက်သို့ စစ်ကူရန် ချီတက်လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းများကို ကြားဖြတ်တိုက်ခိုက် ဖျက်ဆီး နိုင်ခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းယူရန် ကြိုးစားခဲ့သည့် နောက်ပိုင်း စစ်ကောင်စီတပ်များနှင့် MNDAA ကိုးကန့်တပ်တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မုံးကိုးဒေသ၊ ဖောင်းဆိုင်းဒေသနှင့် လားရှိုး၊ သိန္နီ တစ်လျှောက်တွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလို စတင်ဖြစ်ပွားလာနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...