စားဝတ်နေရေး ဖြေရှင်းပေးရန် တရုတ်နိုင်ငံနေ ရှမ်းလူမျိုးများဆန္ဒပြ

စားဝတ်နေရေး ဖြေရှင်းပေးရန် တရုတ်နိုင်ငံနေ ရှမ်းလူမျိုးများဆန္ဒပြ

တရုတ်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်း တင်းကြပ်မှုများကြောင့် စားဝတ်နေရေး ခက်ခဲမှုများရှိလာသည့်အတွက် ကူညီဖြေရှင်း ပေးရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ တရုတ်နိုင်ငံသား ရှမ်းလူမျိုးများက တရုတ်အစိုးရအား ဆန္ဒပြတောင်းဆို ခဲ့ကြသည်။

ရွှေလီမြို့သို့ ရောက်ရှိနေသူ မြန်မာနိုင်ငံသားတစ်ဦးက “တရုတ်တွေ မဟုတ်ဘူး။ ရှမ်းရွာက ရှမ်းတွေ ရောဂါ ကြောင့် ပိတ်ဆို့ တင်းကြပ်တာတွေကြာတဲ့အခါ ဘာစီးပွားရေးမှ လုပ်လို့မရတော့ အခက်အခဲ ရှိလာလို့ ပြကြ တာလို့ ပြောကြတာပဲ။ ရွှေလီမြစ်ကမ်းဘေး တုန်ဟုန်းရွာက ရှမ်းတွေများတယ်။ ကိုယ်သိတာ အဲ့တစ်ရွာပဲ၊ မြို့ ထဲမှာတော့ ပြတာမတွေ့ဘူး” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက ရွှေလီမြို့ မြစ်ကမ်းနားတစ်လျှောက် ရှမ်းရွာ များရှိ ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်ဟု ရွှေလီ (Ruili) ကို ရောက်နေသူ အဆိုပါ မြန်မာနိုင်ငံ သားက ဆိုသည်။

စည်းကမ်းတင်းကြပ်မှုများကြောင့် သွားလာလှုပ်ရှား ရန် ခက်ခဲနေခြင်းနှင့် စားဝတ်နေရေးကြပ်တည်းလာခြင်းတို့ကြောင့် တရုတ်နိုင်ငံသားအချို့လည်း မိမိကိုယ်ကို သေကြောင်းကြံသူများပင် ရှိလာနေသည်ဟု သိရသည်။

ထို့ကြောင့် ကြုံတွေ့နေရသည့် စားဝတ်နေရေး အခက်အခဲများကို ကူညီဖြေရှင်းပေးရန် တရုတ်နိုင်ငံသား ရှမ်းလူ မျိုးများက ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဆိုပါ ဆန္ဒထုတ်ဖော်မှုကြောင့် တရုတ်အာဏာပိုင်များက ကူညီ ထောက်ပံ့မှု များကို လုပ်ဆောင်ပေးခဲ့သည် ဟု ဆိုသည်။

“ဒီမှာက အစိုးရကိုင်တာ တော်တော်တင်းကြပ်တယ်။ တချို့လူတွေ တိုက်ပေါ်ကနေ ခုန်ချတဲ့ လူတောင် ၂ ယောက်လောက်ရှိပြီ။ အဲလိုတင်းကြပ်တာတွေများတော့ စားဝတ်နေရေးပါ အခက်အခဲရှိလာတော့ တချို့တွေ က ဆန္ဒပြကြတာ။ အဲ့ဒါ အာဏာပိုင်တွေဖက်က အထောက်အပံ့တွေနဲ့ နှစ်သိမ့်မှုပေးတယ်လို့တော့ ကြားတယ်။ ဘယ်လိုထောက်ပံ့တာလဲတော့ မသိဘူး” ဟု ရွှေလီမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ (Ruili) တွင် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားများသည်လည်း တရုတ်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများ ကြောင့် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရသကဲ့သို့ အချို့မှာ နေရပ်ပြန်ကြရသည်။

မြန်မာနိုင်ငံသားများ နည်းတူ တရုတ်နိုင်ငံသားများမှာလည်း တရုတ်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်း ချုပ်ရေး စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုများကြောင့် လုပ်ကိုင်စားသောက်ရန် မလွယ်ကူခြင်းနှင့် အဖက်ဖက်မှ ခက်ခဲမှုများရှိ လာသည့်အတွက် အာဏာပိုင်များဖက်မှ ကူညီဖြေရှင်းပေးရန် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ကြ ခြင်း ဖြစ်သည်ဟု သိရသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...