ပေါင်ရှိ Mytel တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးခံရ

ပေါင်ရှိ Mytel တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းတွင် Mytel ဖုန်းတာဝါတိုင်တစ်ခု နိုဝင်ဘာ ၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းက ဖောက်ခွဲဖျက်စီးခံရသည်ဟု ဒေသခံများက ပြောသည်။

 

မှော်ဘီကျေးရွာအုပ်စု၊ ကော့လိန်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဖုန်းတာဝါတိုင်၏ ဆက်စပ်ပစ္စည်းအချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

 

"ပေါက်ကွဲသံက အကျယ်ကြီးကြားရတယ်၊ မနက်ကျမှ မိုင်တဲဖုန်းတိုင်မှာ ဗုံးပေါက်တယ်ဆိုတာ သိရတယ်။ Mytel ဖုန်းတိုင် ဖောက်ခွဲခံရတာ ဒီတစ်ကြိမ်ပါဆို ၃ ခါလောက်ရှိပြီးထင်တယ် ခနခန ဖောက်ခွဲခံရတယ်" ဟု ပေါင်မြို့ခံ တစ်ဦးက ပြောသည်။

 

ပေါင်မြို့နယ် ကော့ကရင်ကျေးရွာ လမ်းပိုင်းရှိ Mytel ဖုန်းတာဝါတိုင်လည်း အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ပိုင်းက ချိန်ကိုင်မိုင်းဖြင့် ဖောက်ခွဲခံခဲ့ရသည့်အပြင် ဆင်ရွာကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်လည်း ဖောက်ခွဲခံ ခဲ့ရသည်။

 

ပေါင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဖုန်းတာဝါတိုင် ပေါက်ကွဲမှုများ အပါအဝင် အခြားပေါက်ကွဲဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာနေသည်ဟု ဒေသခံများက ပြောသည်။

 

မြို့နယ်အတွင်းရှိ ရဲစခန်း၊ လျှပ်စစ်ရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စား နေ အိမ်များ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများ၏ နေအိမ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွား လျှက် ရှိသည်။

 

အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်များနှင့် ပတ်သက်၍ ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...