ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ-မန္တလေး ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်မည်

ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ-မန္တလေး ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်မည်
by -
မဇ္ဈိမ
ဓာတ်ပုံ - ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ- မန္တလေး
ဓာတ်ပုံ - ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ- မန္တလေး
ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ-မန္တလေးက ရှမ်းရိုးရာယဉ်ကျေးမှုသင်တန်းတစ်ခုကို မန္တလေးမြို့ ၃၅ လမ်း၊ ၆၆ × ၆၇ ကြားတွင် ရှိသည့် ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းဝင်းကြီးတွင် ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။

“လာမယ့် ဇွန်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၂၀၁၇ ပညာသင်နှစ် ရှမ်းရိုးရာယဉ်ကျေးမှုသင်တန်း အပတ်စဉ်(၁)ကို ဖွင့်လှစ်သွားပါမယ်။ ရှမ်းရိုးရာအခြေခံကကွက် ၊ အိုးစည်ဗုံမောင်းတီးခတ်ခြင်း၊ တိုးနယားအက နဲ့ ကိန္နရီ၊ ကိန္နရာအကအလှ တို့ကို တောင်ကြီးမြို့မှ ရှမ်းလူငယ်အသင်း(Shan Youth Oaganization – SYO) က လာရောက်သင်ကြား ပေးသွားမှာဖြစ်ပါတယ်’’ ဟု မန္တလာကျောင်း ကိုယ်စားလှယ် နန်းယိင်းဆောဝ်က မဇ္စျိမသို့ ပြောသည်။

ထို့အတူ ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ-မန္တလေး၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား/ သူများအား နှုတ် ဆက်ပွဲကို ဇူလိုင် ၁ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း အင်းလေးခေါင်တိုင်တွင် ကျင်းပသွားမည် ဖြစ် ကြောင်း ၄င်းက ဆက်ပြောသည်။

အသင်းဖွဲ့စည်းပုံအရ မန္တလေးရှိ တက္ကသိုလ်/ကောလိပ် အသီးသီးတွင် တက်ရောက်နေသော ရှမ်းလူ ငယ်များသည်  ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ မန္တလေး၏ အဖွဲ့ဝင်အဖြစ် အလိုအလျောက်ဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ-မန္တလေးသည် မန္တလေး အတွင်းရှိ ကျောင်းအားလုံးမှ ရှမ်းမိသားစုများနှင့် ဖွဲ့စည်းထားပြီး စာပေနှင့်ယဉ်ကျေးမှု လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လာသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...