နမ့်လန် ဒေသခံ တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

နမ့်လန် ဒေသခံ တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် နိုဝင်ဘာ (၂)ရက် ညနေပိုင်းက အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ က နေအိမ်ထဲအထိ သေနတ်လာပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ အခင်းဖြစ်းပွားသည့်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် နမ့်လန်မြို့ စိန်ပန်းရပ်ကွက် သူငယ်ချင်းနေအိမ်သို့ အလည်ရောက်နေသည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

“နောက်ကျော ဖက်ကနေပြီး ပစ်တာ၊ ကျည်ဆံက အရှေ့ဘက်ထိ ဖောက်ထွက်သွားတယ်၊ တချက်တည်းပဲ၊ လာပစ်တဲ့သူတွေကလည်း အမှောင်ထဲပြေးပျောက်သွားတယ်” ဟု နမ့်လန်မြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်ခံရသည့် အမျိုးသားသည် နမ့်လန်မြို့ စက်ရုံရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မည့်သည့်အကြောင်းကြောင့် ပစ်ခတ်ခံရသည်ကိုလည်း မသိရကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

“ဘာကြောင့်အပစ်ခံရလဲတော့ မသိရပါဘူး၊ သူငယ်ချင်းအိမ်ရောက်နေတုန်း အပစ်ခံရတာ၊ အခုတော့ လားရှိုးဆေးရုံကို ပို့ထားတယ်” ဟု ၎င်းကပြောသည်။

နမ့်လန်မြို့အတွင်း ပြီးခဲ့သည့် လပိုင်းကလည်း အရပ်သားပြည်သူများ ယခုလို လုပ်ကြံပစ်ခတ်ခံရခြင်းကြောင့် တချို့က အသက်သေဆုံးရသည်အထိ ကြုံခဲ့ရသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ကိုဗစ်ကပ်ရောဂါပျံ့နှံ့ကူးစက်မှု များအကြား ပြည်သူများက စိုးရိမ်ထိတ်လန့် စွာနှင့် လုံခြုံမှုကင်းမဲ့သလို ခံစားနေကြောင်းလည်း ဒေသခံများက ပြောသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...