တနိုင်းရွှေမှော်များမှ ရွှေ့ပြောင်းအလုပ်သမားများ ခန္တီးသို့ရောက်ရှိလာ

တနိုင်းရွှေမှော်များမှ ရွှေ့ပြောင်းအလုပ်သမားများ ခန္တီးသို့ရောက်ရှိလာ
by -
မဇ္ဈိမ
ဇွန် ၆ရက်ကမ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင်များကို လှေများဖြင့် ခေါ်ဆောင်စဉ်။ Photo Credit - Hkun Awng Nlam facebook
ဇွန် ၆ရက်ကမ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင်များကို လှေများဖြင့် ခေါ်ဆောင်စဉ်။ Photo Credit - Hkun Awng Nlam facebook
လက်ရှိ တိုက်ပွဲအခြေအနေများကြောင့် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ရွှေမှော်များမှ ထွက်ခွာလာသော ရွှေ့ပြောင်းအလုပ်သမားများမှာ ခန္တီးမြို့သို့ ရောက်ရှိလာ၍ ကူညီပေးနေရကြောင်း ခန္တီးမြို့နယ်ဒေသခံများက ပြောသည်။

ဇွန် ၁၂ ရက်နေ့မှစတင်ကာ ရွှေ့ပြောင်းအလုပ်သမားများရောက်ရှိလာကြပြီး ရ၀၀ ဦးခန့် ရောက်ရှိလာကြပြီးဖြစ်ကြောင်း သိရသည်။

"ချင်းတွင်းမြစ်အတ်ုင်း ရွှေ့ပြောင်းအလုပ်သမား ရ၀၀ လောက် ရောက်လာကြတယ်၊ သူတို့ခရီးကို ရှေ့ဆက်သွားနေကြပါပြီ။ ဒီနေ့လည်း နောက်တစ်ဖွဲ့ ထပ်ရောက်မယ်ကြားလို့ အကူညီပေးဖို့ ဒေသခံတွေ ပြင်ဆင်နေကြတယ်" ဟု ခန္တီးဒေသခံ ကိုအောင်မျိုးက ပြောသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများအား တည်းခိုအိပ်စက်ရန်နေရာစီစဉ်ပေးခြင်း၊ ထမင်းထုပ်များ ဝေငှခြင်း တို့ပြုလုပ်ကာ ကူညီပေးနေရကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော်များမှ အလုပ်သမားများအား နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည် ဖြစ်သည့်အတွက် ဇွန် ၁၅ ရက် နောက်ဆုံးထားတာထွက်ခွာပေးကြရန် ဇွန် ၅ ရက်က တပ်မတော် ရဟတ်ယာဉ်များဖြင့် စာရွက်များကြဲကာ အသိပေးခဲ့သည်။

တနိုင်းမြို့နယ်တွင် လုပ်ကိုင်နေသော ရွှေမှော်ပေါင်း ၂၀ ခန့်ရှိပြီး နိုင်ငံတော်မှ တရားဝင် ခွင့်ပြုထားသော မှော်များမဟုတ်ကြောင်း သိရသည်။

KIA မှလည်း လက်ရှိဖြစ်နေသော စစ်ရေးအခြေအနေများကြောင့် ဖားကန့်မြို့နယ်အတွင်း  ဖြတ်သန်းသွားလာမှုကို ကန့်သတ်လိုက်ပြီး ယင်းကို ဇွန်လ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...