တိုက်ပွဲဆက်တိုက်ဖြစ်ပေါ်နေသည့် မိုင်းကိုင်မြို့နယ်ရှိ စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီ

တိုက်ပွဲဆက်တိုက်ဖြစ်ပေါ်နေသည့် မိုင်းကိုင်မြို့နယ်ရှိ စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီ

တိုက်ပွဲဆက်တိုက်ဖြစ်ပေါ်နေသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် တစ်လကျော်ကြာ ထွက်ပြေးလာသည့် စစ်ရှောင်များသည် လက်ရှိချိန်ထိ နေရပ်သို့ မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းတွင် ရှိနေကြောင်း သိရှိရသည်။

“အစားအသောက်တွေ ပြတ်လပ်နေပြီ။ ဆန်တွေ ဟင်းရွက်စိမ်းတွေလည်း မရှိတော့ဘူး။ ရှိတဲ့ဟာနဲ့ပဲ စားနေရတယ်။ ဖရုံသီးနဲ့ ဂေါ်ရခါးသီးပဲ များတယ်။ ကျန်တာဘာမှမရှိတော့ဘူး။ အလှူရှင်တွေကို မျှော်လင့်နေရတယ်” ဟု ပန်ကေတု စစ်ရှောင်စခန်းမှ ကော်မတီဝင် တစ်ဦးက ပြောသည်။

ယမန်နေ့ နိုဝင်ဘာ (၁)ရက်တွင်လည်း မနက် (၉)နာရီမှ (၂)နာရီခွဲထိ ပန်ကေတုကျေးရွာအုပ်စုတွင်း လွယ်ယွဲ့ကျေးရွာမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ပန်ကေတုကျေးရွာအုပ်စု ဒေသခံ တစ်ဦးက ပြောသည်။

“မနေ့တိုက်ပွဲကတော့ အရမ်းကြီးကြီးကျယ်ကျယ်မဖြစ်တော့ ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံတွေ မရှိဘူး။ ရှိပြီးသားစစ်ရှောင်တွေပဲ သူတို့ နေရာရွေ့တာပါ” ဟု ပန်ကေတု စစ်ရှောင်စခန်း ကော်မတီဝင် တစ်ဦးက ပြောသည်။

ပန်ကေတု ကျေးရွာအုပ်စုတွင် စစ်ရှောင် (၆၇၄)ဦးရှိပြီး ရွာပေါင်း (၈)ရွာမှ အိမ်ထောင်စု (၁၆၄)စု ကျန်ရှိနေသေးကြောင်း သိရှိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များ ထောင်ဂဏန်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထွက်ပြေးလာချိန် ထော်လာဂျီမှောက်၍ ထိခိုက်ဒဏ်ရာ ရရှိသူ၊ သေဆုံးသူများလည်း ရှိခဲ့ကြောင်း၊ ထို့အပြင် မြေမြုပ်မိုင်းနင်းမိသည့် ဒေသခံများနှင့် လက်နက်ကြီးထိမှန်သည့် ပြည်သူများလည်းရှိခဲ့ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...