ထားဝယ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးကျည်ထိမှန်

ထားဝယ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးကျည်ထိမှန်

ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် အတွက် အသက် ၃၀ အရွယ်ခန့် အမျိုးသမီးတစ်ဦး ရင်ညွန့် ကျည်ဆံထိမှန်ခဲ့ရာ အသက်အန္တရာယ် စိုးရိမ်နေရ သည်ဟု ဒေသခံ ရွာသားများက ပြောသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ဝင်းကဖော်ကျေးရွာအတွင်း အောက်တိုဘာ ၃၁ ရက်နေ့က ဝင်ရောက်ခဲ့စဉ် ဥယျာဉ်ခြံများတွင် ရှိသည့်အိမ်များကို ဝင်ရောက်ရှာဖွေခဲ့ပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည် ဟု အသက် ၄၀ အရွယ် ရွာသားတစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညနေပိုင်း ပြန်လည်ထွက်ခွာချိန် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဝင်းကဖော် ကျေးရွာက အသက် ၃၀ ဝန်းကျင် အရွယ် ဒေါ်ခင်ခင်ခိုင်၏ ရင်ညွန့် ကျည်ဆံထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ရွာ သားက ပြောသည်။

ထို့အပြင် သရက်ချောင်းမြို့နယ် အခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးကလည်း “အသက်အန္တရာယ်ရှိတဲ့ နေရာမှာ ကျည်ထိတာဆိုတော့ စိုးရိမ်ရတယ်။ လူနာအခြေအနေ သိပ်မကောင်းဘူး“ ဟု ပြောသည်။

တောင်ပျောက်တိုက်နယ်ထဲက ကျေးရွာများကိုဝင်၍ မကြာခဏ သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးစစ်ဆေးခြင်း၊ နေအိမ်များထဲရှိ ပစ္စည်းများကို ခိုးယူခြင်းစသည့် လူထု ကိုအနိုင်ကျင့်သည့် လုပ်ရပ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေကြသည်ဟု ဒေသခံ ရွာသားများ က ပြောသည်။

တောင်ပျောက်တိုက်နယ်တွင် ကျေးရွာ ဆယ်ရွာရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက သဲချောင်းကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသည်မှာ တစ်လကျော်ခန့်ရှိနေပြီဖြစ်သည်။

အဝင်အထွက် လူသွားလမ်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ကင်းချထားသည့် အတွက် ဒေသခံ ရွာသားများ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ဝယ်ယူရန်အတွက် အခက်အခဲများနှင့်လည်း ကြုံတွေ့နေကြရသည်ဟု ဆိုကြသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...