စစ်ကောင်စီတပ်မှ ဖမ်းထားသူများ ပြန်လွတ်ပေးရန် သိန်း ၂၀ စီ ပေးရမည်ဟု အုပ်ချုပ်ရေးမှူးတောင်း

စစ်ကောင်စီတပ်မှ ဖမ်းထားသူများ ပြန်လွတ်ပေးရန် သိန်း ၂၀ စီ ပေးရမည်ဟု အုပ်ချုပ်ရေးမှူးတောင်း

ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးလိုပါက တစ်ဦးလျှင် သိန်း ၂၀ စီပေးရမည်ဟု အုပ်ချုပ်ရေးမှူးက တောင်းခံလျက်ရှိကြောင်း ဖမ်းဆီးခံရသူများ၏ ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်၏ တပ်ရင်း-၂၈၅ က လာရောက်ဖမ်းဆီးသွားသည့် ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာသား ၄ ဦး အတွက် စစ်ကောင်စီခန့် ဇရပ်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပါကုန်း ကိုယ်တိုင် မိသားစုဝင်များထံ တစ်ဦးလျှင် သိန်း ၂၀ စီ ဖြင့် စုစုပေါင်း သိန်း ၈၀ တောင်းနေခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

“လွတ်ချင်ရင် တစ်ယောက်ကို သိန်း၂၀ပေးရမယ်။ စစ်တပ်ကတောင်းတာ၊ ပြေလည်အောင် တိုင်းဗဟိုအထိ ငါသွားရအုံးမှာ ပေးနိုင် မပေးနိုင်ရင် စဉ်းစားကြပေါ့ဆိုပြီး ဦးပါကုန်း ကိုယ်တိုင်ပြောတာ“ ဟု အသက် ၅၀ အရွယ်ခန့်ရှိသူ ရွာသားတစ်ဦး က ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးပါကုန်းက ၎င်းအနေဖြင့် ဖမ်းဆီးခံထားရသူ လေးဦး လွတ်မြောက်လာအောင် အကူအညီပေး၍ ရသည်ဟု ပြောဆိုလာခဲ့သည်။

စစ်တပ်က အမှန်တကယ် တောင်းမတောင်း မသိရဟု ရွာသားများက ပြောသည်။ ဦးပါကုန်းမှာ ကျေးရွာထဲတွင် အခွန်အကောက် ကောက်သည့်နေရာတွင် နာမည်ကြီး တစ်ယောက် ဖြစ်သည် ဟု ဒေသခံများက ဆိုသည်။

ဇရပ်ဆိပ်ကျေး ရွာမှ ပန်းပဲနောင်ပု၊ ဖိုးတီးကုန်း၊ ဆရာ ကြည်သိန်း နှင့် ဦးကြယ်နီတို့ လေးဦးကို အောက်တိုဘာလ ၂၇ ရက်နေ့ ည ၉နာရီခွဲ အချိန်ခန့်တွင် တပ်ရင်း-၂၈၅ က စစ်သားများသည် အကြောင်းပြချက်မပေးဘဲ လာရောက် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဇရပ်ဆိပ်ကျေးရွာသည် မြိတ်-ပုလော လမ်းမကြီးပေါ်တွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး အဆိုပါ ကျေးရွာ နှင့် ကပ်လျက်ရှိသည့် တပိုကျေးရွာ ဘုရားကုန်းနေရာတွင်လည်း အောက်တိုဘာ ၂၆ ရက်နေ့၊ နံနက်ပိုင်းက စစ် ယာဉ်တန်း မိုင်းခွဲခံရမှု ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ သေးသည်။

ယင်းမိုင်းခွဲခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဇရပ်ဆိပ်ကျေးရွာက ရွာသား ၄ ဦးကို ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ဒေသခံရွာသားများက ပြောဆိုနေကြသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...