တနင်္သာရီ မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်

တနင်္သာရီ မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ကုန်ကြသည်ဟု ဒေသခံများ က ပြောသည်။

မြိတ်ခရိုင် တနင်္သာရီ မြို့နယ်အတွင်း အောက်တိုဘာလထဲတွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ နေအိမ် ဗုံးပစ်ခံရခြင်း၊ သေနတ်ပစ် ခံရခြင်း၊ အိမ်မီးရှို့ခံရခြင်းများ ခပ်စိပ်စိပ်ဖြစ်လာပြီးသည့် နောက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး အချို့ နုတ်ထွက် ကြခြင်းဖြစ်သည်ဟု သိရသည်။

နှုတ်ထွက်သွားသည့် အုပ်ချုပ်ရေးမှူးများမှာ တကူ၊ အရှေ့မော်တုန်း၊ အနောက်မော်တုန်း၊ သာရဘွင်နှင့် ချောင်းလမု စသည့် ကျေးရွာများကဖြစ်ကြသည်။

အောက်တိုဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး နေအိမ်မီးရှို့ခံရကာ မီးခိုးမွှန် သေဆုံးသွားသည့်နေ့မှ စတင်၍ အထက်ပါကျေးရွာများက အုပ်ချုပ်ရေးမှူးများ ဆက်တိုက်နှုတ်ထွက်စာ တင်ကြခြင်းဖြစ်သည်ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

တနင်္သာရီ မြို့နယ်အတွင်းမှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးလည်းဖြစ် စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက် ခဲ့သည့် ပဝရွာမကြီးမှ အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး၏ အိမ်ကို မျက်နှာဖုံးစွပ်ထားသည့် အဖွဲ့တစ်ဖွဲ့က လာဝိုင်းကာ အိမ်အပြင်ထွက်လာပြီး အဖမ်းခံရန်ပြောဆိုခဲ့ရာ ထွက်မလာသည့်အတွက် မီးရှို့ခံလိုက်ရခြင်းဖြစ်သည်။

ထိုသို့ နေအိမ်မီးရှို့ခံခဲ့ရသည့်အတွက် ဦးမြင့်ဌေးအပါအဝင် မိသားစုဝင် ၄ ဦး မီးခိုးမွှန် သေဆုံးခဲ့ပြီး တစ်ဦး ဒဏ် ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေး မှူးများ နှုတ်ဆက်စာတင်နေကြခြင်း ဖြစ်သည်ဟု ဒေသခံများ၊ အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူများက ဆိုသည်။

အလားတူ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ရွှေပြည်တန်ရပ်ကွက်က ရာအိမ်မှူး ဦးသန်းထွန်းကလည်း အောက်တိုဘာလ ၃၁ ရက်နေ့တွင် နုတ်ထွက်စာတင်ထားသည်ဟု သိရသည်။

အုပ်ချုပ်ရေးမှူးအများစုက ကျန်းမာရေးအကြောင်းပြကာ နုတ်ထွက်စာ တင်ထားကြသော်လည်း စစ်ကောင်စီက နုတ်ထွက်ခွင့် ပြုမပြုကိုမူ မသိရသေးပေ။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...