လှိုင်မြို့မ ရဲစခန်းကို 44st-UG အဖွဲ့က လက်နက်ကြီးဖြင့်ပစ်

လှိုင်မြို့မ ရဲစခန်းကို 44st-UG အဖွဲ့က လက်နက်ကြီးဖြင့်ပစ်

အင်းစိန်လမ်းမပေါ်ရှိ လှိုင်မြို့မရဲစခန်းကို အောက်တိုဘာလ ၃၁ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု 44st-UG က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို 44st-UG အဖွဲ့နှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက် မှုအပြီး အန္တရာယ် ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းကိုလည်းထည့်သွင်းဖော်ပြထားသည်။

လှိုင်မြို့မရဲစခန်းကို လက်နက်ကြီးဖြင့် ၄ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ ချက်မှာ စခန်းထဲတွင် ပေါက်ကွဲခဲ့ သော် လည်း နောက်ဆုံးတစ်ချက်မှာ ပေါက်ကွဲမှုမရှိခဲ့ဘူးဟု 44st-UG အဖွဲ့က ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ “ရဲတွေဖက်က လမ်းတွေ လိုက်ပိတ်နေတာပဲ။ ဗဟိုလမ်းဖက်မှာဆို ကားကြီး နှစ်စီး အပြည့်ပဲ။ လူတော့ မထိဘူး ကြားတယ်” ဟု လှိုင်မြို့ နယ်ဗဟိုလမ်းအနီးနေထိုင်သည့် အမျိုးသားတစ်ဦး က ပြောသည်။

လှိုင်မြို့မ ရဲစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသော်လည်း မည်သည့် လက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ကို ဖော်ပြခဲ့ခြင်းမရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ၊ မရှိလည်း မသိရသေးဟု 44st-UG အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက ဦးနေဝင်း၏ မြေး ဦးကျော်နေဝင်း ပိုင်ဆိုင်သည့် Omni focus ကုမ္ပဏီ YBS 20 ယာဥ်လိုင်းက ခရီးသည် တင်ယာဉ်တစ်စီးလည်း ဆင်မလိုက်မှတ်တိုင်တွင် မီးရှို့ ခံခဲ့ရသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...