စစ်ကောင်စီ တပ်များ ကင်းပုန်းဝတ်လေ့ရှိသည့်နေရာတွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲ

စစ်ကောင်စီ တပ်များ ကင်းပုန်းဝတ်လေ့ရှိသည့်နေရာတွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲ

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ ကင်းပုန်းဝတ်လေ့ရှိသည့် မြို့အဝင် တံတား အဆင်း နေရာတွင် အောက်တိုဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

မအူပင်တံတားအဆင်းရှိ “မိုးယံ” ဆိုင်ကယ်နှင့် လယ်ယာသုံး ပစ္စည်းများ အရောင်းဆိုင် အနီးတွင် ပေါက်ကွဲခဲ့ ခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိ ဟု ဒေသခံများက ပြောသည်။

“ကင်းပုန်းဝပ်နေကျ နေရာမှာကွဲတာ PDF ခွဲတာလား သူတို့ (စစ်တပ်)ကပဲ ခွဲတာလား မသိဘူး။ စစ်တပ်က ထွက်သွားပြီး မကြာဘူးတန်းကွဲတာ” ဟု မအူပင်မြို့ခံ ကိုဇော်ကြီး က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီ သတင်းပေး မဘသအဖွဲ့ဝင် စစ်မှုဟောင်းတစ်ဦး ပစ်သတ်ခံပြီးနောက် မြို့ခံ လူငယ် ၁၀ ဦးကျော်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု မြို့ခံအချို့က ပြောသည်။

ထို့အပြင် ရပ်ကွက်များအတွင်း ဝင်ရောက်စီးနင်းပြီး သေနတ်များ ပစ်ဖောက်ခြင်း၊ ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ မပြစ်မရှိအပြစ်ရှာ ငွေညှစ်တောင်းယူခြင်း၊ ဆဲဆိုရမ်းကားခြင်းများကို ပိုမိုပြုလုပ်လာကြောင်း ဒေသခံများက ဆိုသည်။

“ဆဲဆိုတာများ မိုက်ရိုင်းချက်က ကမ်းကုန်တယ်။ စစ်တပ်နဲ့ ရဲ ရပ်ကွက်ထဲ ဝင်လာတာနဲ့ သမီးပျိုလေးတွေ ကလေးငယ်တွေ လူငယ်လေးတွေကို ကိုယ်အိမ်ထဲ ခြံထဲ အမြန်ဝင်ကြဖို့ ပြောထားရတယ်” ဟု အသက် ၆၀ ကျော်ရှိ မြို့ခံ ဦးမောင်လေး က ပြောသည်။

မအူပင်မြို့နယ်အတွင်းရှိ နေရာအနှံ့တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေပြီး အောက်တိုဘာလ ၂၆ ရက် နေ့က စစ်ကောင်စီ၏ သတင်းပေး မဘသအဖွဲ့ဝင် စစ်မှုဟောင်း ဦးလှဝင်း ပစ်သတ်ခံခဲ့ရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း အမှတ် ၆ ရပ်ကွက်က စစ်ကောင်စီ သတင်းပေး ဒလန် ဟုတ် နာမည်ကြီး နေသည့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရသည်။

ထို့အပြင် စက်တင်ဘာလ ၈ ရက်နေ့ ကလည်း အမှတ် ၉ ရပ်ကွက်တွင် နေထိုင်သူ ဒလန်တစ်ဦး၎င်း၏ နေအိမ် ရှေ့တွင် ပစ်ခတ်ခံခဲ့ရသော်လည်း ၎င်းမှာ ထိခိုက် သေဆုံးခြင်း မရှိခဲ့ပေ။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...