ပြည် PDF က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ပစ်သတ်

ပြည် PDF က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ပစ်သတ်

ပြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့နယ်အတွင်း ကျေးရွာအုပ်စုတစ်ခုက အုပ်ချုပ်ရေးမှူးတစ်ဦးအား ပစ်သတ်ခဲ့ကြောင်း ကြေညာသည်။

ပြည်မြို့နယ် လွှစင်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးအေးစိုးကို အောက်တိုဘာ ၂၈ ရက်နေ့က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်သတ်ခဲ့တာဖြစ်သည်ဟု ဒေသခံများက ပြောသည်။

”အရက်ဆိုင်ကအပြန် ပစ်ခံရတာ။ သေနတ်သံ လေးချက်လောက် ကြားရတယ်။ ပြည်မြို့နယ်မှာတော့ အုပ်ချုပ်ရေးမှူး အပစ်ခံရတာ သူပထမဦးဆုံးဘဲ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူ၏အလောင်းကို ဝက်ထီးကန်ဆေးရုံ ရင်ခွဲရုံတွင် ပို့ဆောင်ထားသည်ဟု ဒေသခံများက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီး မကြာခင် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာပြီး ရွာသား ၅ ယောက်ကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...