ဧရာဝတီတိုင်း CDM ရဲတပ်ဖွဲ့က တိုက်ပွဲစဖော်၊ ယာဉ်ထိန်းရဲ နှစ်ဦး သေဆုံး

ဧရာဝတီတိုင်း CDM ရဲတပ်ဖွဲ့က တိုက်ပွဲစဖော်၊ ယာဉ်ထိန်းရဲ နှစ်ဦး သေဆုံး

ဧရာဝတီတိုင်းမှ CDM ရဲများနှင့် ဖွဲ့စည်းထားသည် CDM Police Defence Force (Ayeyarwaddy) သည် တိုင်းရဲတပ်ဖွဲ့မှူး အိမ်ရှေ့လမ်းတစ်ဘက်ရှိ မြကျွန်းသာမီးပွိုင့် ယာဉ်ထိန်းရဲရုံးကို ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ရာ ရဲနှစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများက အတည်ပြုပြောသည်။

အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P.W. D.F) တို့ ပူးပေါင်းကာ မဟာဗန္ဓုလလမ်းမကြီးရှိ တိုင်းရဲတပ်ရင်းနှင့် မီတာ ၂၀၀ ကျော်ခန့်အကွာရှိ မြကျွန်းသာ ယာဉ်ထိန်းရဲရုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပုသိမ်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

"ဖောင်း ဖောင်း ဖောင်း ဆိုပြီး သေနတ်သံ ၁၀ ချက် လောက်ကြားရတယ်။ မော်တော်ပီကယ် နှစ်ယောက်သေသွားတယ်" ဟု ယင်းလမ်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ပြည်သူများထံက အဓမ္မငွေတောင်းကာ အနှောက်အယှက်ပြုနေသည့် ယာဉ်ထိန်းရဲ ၂ ဦး ရှိနေသည့်အတွက် ထို မြကျွန်းသာမီးပွိုင့် ယာဉ်ထိန်းရဲရုံးကို ပစ်မှတ်ထားပြီး တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ပုသိမ် ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

မြကျွန်းသာမီးပွိုင့်တွင် ရှိနေသည့် ယာဉ်ထိန်းရဲ တပ်ကြပ် ဇော်မင်းထက် (မိုးညို) နှင့် ယာဉ်ထိန်းရဲ မြတ်မင်းဦး (မိုးကောင်း) တို့ သေဆုံးသွားသည်ဟုလည်း ရဲမှုခင်း သတင်းထောက်များက အတည်ပြုပြောဆိုသည်။

မော်တော်ပီကယ်၊ စရဖ၊ SB ၊ နယ်ထိန်းနှင့် စည်ပင်သာယာဝန်ထမ်းအချို့က ဒေသခံများကို အနိုင်ကျင့်ပြီး ငွေညှစ်နေကြကြောင်း၊ EPC လျှပ်စစ်ရုံးဝန်ထမ်းများကလည်း မီတာခများကို အဆမတန် တိုးမြင့်ကောက်ခံနေသည်ဟု ဒေသခံအချို့က ပြောသည်။

 

ယခုလုပ်ဆောင်မှုသည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းအတွင်း၌ CDM ရဲတပ်ဖွဲ့ဝင်များက စစ်ကောင်စီလက်အောက်ခံ ရဲများကို ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် တိုက်ပွဲဖော်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...