ဘိုကလေးတွင် ဧရာဗေဒါအဖွဲ့က ဒလန်ဆိုသူတစ်ဦးအား ပစ်သတ်

ဘိုကလေးတွင် ဧရာဗေဒါအဖွဲ့က ဒလန်ဆိုသူတစ်ဦးအား ပစ်သတ်
ပစ်သတ်ခံရသည့် ကိုချစ်စမ်းမောင်အား ဘိုကလေးဆေးရုံသို့ ပို့ဆောင်စဥ်
ပစ်သတ်ခံရသည့် ကိုချစ်စမ်းမောင်အား ဘိုကလေးဆေးရုံသို့ ပို့ဆောင်စဥ်

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၊ အမှတ် ၄ ရပ်ကွက်တွင်နေထိုင်သူ ပျူစောထီးခေါင်ဆောင်တစ်ဦးအား သေနတ်သမားတစ်ဦးက အနီးကပ် ပစ်သတ်သွားသည်။

ပျူစောထီးခေါင်းဆောင် ကိုချစ်စမ်းမောင် ၄၀ နှစ်သည် ဘိုကလေးမြို့ ဈေးရုံအတွင်း၌ သားရေအိတ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ၎င်း၏ဆိုင်တွင် သေနတ်ပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

"သေနတ်နဲ့ တစ်ချက်ထဲပစ်သွားတာ။ နေရာမှာ ပွဲချင်းပြီးသေတာပဲ ဈေးစည်တဲ့အချိန်ဖြစ်နေတော့ ပစ်တဲ့သူကို ဂရုမထားမိကြဘူးပေါ့" ဟု ဘိုကလေးဈေးရုံအတွင်းက စျေးသည်တစ်ဦးကပြောသည်။

ဒေသခံပြောက်ကျားတပ်ဖွဲ့ဖြစ်သည့် "ဧရာဗေဒါ" အဖွဲ့က စစ်ကောင်စီ၏သတင်းပေး ချစ်စမ်းမောင်ကို ၎င်းတို့သုတ်သင်လိုက်ကြောင်း ထုတ်ပြန် ဝန်ခံထားသည်။

ပျူစောထီးအဖွဲ့၏ ခေါင်းဆောင်အဖြစ် လူသိများသည့် ကိုချစ်စမ်းမောင်သည် ဈေးရုံနှင့် ရပ်ကွက်ထဲတွင် စစ်ကောင်စီသတင်းပေး “ဒလန်” လုပ်နေသူဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် ကိုချစ်စမ်းမောင်သည် PDF များကိုလည်း မကြာခဏ ဆဲဆိုလျှက်ရှိပြီး တွေ့သမျှလူကို PDF မကောင်းကြောင်း ပြောဆိုနေသူဖြစ်သည်ဟု ဈေးသည်တစ်ဦးက ပြောသည်။

ဘိုကလေးမြို့ခံ ဦးကိုမြင့်က "ဘိုကလေးမှာတော့ ဒါ ဒလန် ပစ်သတ်ခံရတာ ပထမဆုံးအကြိမ်လို့ ပြောရင်ရတယ်" ဟု ပြောသည်။

ဘိုကလေးမြို့တဝိုက်တွင် စစ်တပ်ကလေ့ကျင့်ပေးထားသည့် ပျူစောထီးအဖွဲ့များရှိနေပြီး ဘိုကလေးမြို့နယ် ရုပ်ဆိုင်ကျေးရွာက ပျူစောထီးအဖွဲ့ဝင် အယောက် ၃၀ ကို ရန်ကုန်မြို့သို့ စက်တင်ဘာ ၂၆ ရက်နေ့က စေလွှတ်လိုက်သည်များ ရှိခဲ့သည်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ လုံခြုံကိစ္စရပ်များ ဆောင်ရွက်ရန်အတွက်ဟုဆိုကာ ရုပ်ဆိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ရန်ကုန်မြို့သို့ လူ ၃၀ ကို စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများနှင့် ဒေသခံများက ပြောသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...