“ဧရာဗေဒါ” အဖွဲ့က Mytel တာဝါတိုင်တစ်တိုင်ကို ဖောက်ခွဲဖျက်ဆီး

“ဧရာဗေဒါ” အဖွဲ့က Mytel တာဝါတိုင်တစ်တိုင်ကို ဖောက်ခွဲဖျက်ဆီး

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်က ဒေသခံပြောက်ကျားတပ်ဖွဲ့ဖြစ်သည့် "ဧရာဗေဒါ" အဖွဲ့က အာဏာသိမ်းစစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင်တစ်တိုင်ကို မိုင်းခွဲဖျက်ဆီးလိုက်သည်။

ကျိုက်လတ်မြို့နယ်အတွင်းရှိ ဖောင်ရိုးဆိပ် ကျေးရွာအုပ်စု၊ မင်းဇံကျေးရွာရှိ မိုင်တဲဖုန်းတာဝါတိုင်ကို အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၃ နာရီ ၅၀ မိနစ်က အောင်မြင်စွာ မိုင်းခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း "ဧရာဗေဒါ" အဖွဲ့က ပြောသည်။

မင်းဇံကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက “အဲ့ပေါက်ကွဲမှုကို စစ်တပ်က လာစစ်တယ်။ တိုင်ခြေကဟာတွေ အကုန်တော့ ပျက်စီးကုန်တယ် လူထိခိုက်တာတော့ မရှိဘူး" ဟု ပြောသည်။

ဧရာဗေဒါ ပြောက်ကျားတပ်ဖွဲ့က စစ်ကောင်စီ၏ စီးပွားရေးဒေါက်တိုင်များ၊ အုပ်ချုပ်ရေးထောက်တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့များ၏အနီးနှင့် ၎င်းတို့နှင့်သက်ဆိုင်သည့် အဆောက်အဦများအနီး သွားလာနေထိုင်ခြင်းမပြုရန်လည်း မေတ္တာရပ်ခံထားသည်။

ယမန်နေ့က မိုင်းခွဲဖောက်ခဲနိုင်ခဲ့သည့် မိုင်တဲဖုန်းတာဝါတိုင်၏ အောက်ခြေရှိ ဆိုလာပြားများ၊ စက်ကရိယာများနှင့် ဝါယာကြိုးများ ပျက်စီးသွားဟု အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။

မိုင်းပေါက်ကွဲမှု နှင့် ပါတ်သက်၍ မသက်ဆိုင်သည့်သူများကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်း ဆီးစစ်ဆေးမည်ကိုလည်း ဒေသခံများက စိုးရိမ်နေ ကြသည်။

ဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက "ပထမအကြိမ် မိုင်တဲတာဝါတိုင်ကိစ္စတုန်းက မသင်္ကာလို့ ဖမ်းထားတဲ့သူတချို့ကို အခုထိ ပြန်မလွှတ်သေးဘူး" ဟု ပြောသည်။

စက်တင်ဘာ ၁၉ ရက်နေ့က ကျိုတ်လတ်မြို့နယ်၊ စစ်ကုန်းကျေးရွာအနီးရှိ မိုင်တဲဖုန်းတာဝါတိုင်ကို FTR (FreeTiger Ranger) ကျိုက်လတ်မြို့နယ်အဖွဲ့ခွဲက မီးရှို့ဖျက်စီးခဲ့သည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...