မြိတ်မှလာသော စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်သား အချို့ သေဆုံးဟု ဒေသခံများပြော

မြိတ်မှလာသော စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်သား အချို့ သေဆုံးဟု ဒေသခံများပြော

မြိတ်မှ ပုလောဘက်သို့ မောင်းနှင်နေသည့် စစ်ကားကြီး ၁၅ စီးပါဝင်သည့် ယာဉ်တန်းကို အဖွဲ့တစ်ဖွဲ့က အောက်တိုဘာ ၂၆ ရက်နေ့၊ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ တပ်ဖွဲ့ဝင် ၆ ဦးခန့် သေဆုံးသည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီး စက်တော်ရာကျေးရွာနှင့် တပိုကျေးရွာအကြားရှိ ဘုရားကုန်းနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရရာ စစ်ကား ၃ စီး တိမ်းမှောက်သွားသည်။

"အုန်း အုန်း အုန်းနဲ့ ပေါက်ကွဲသံက လေးငါးချက် ဆက်တိုက်ကြားရတယ်။ နောက်တော့ စစ်ကား ၃ စီး ထိတယ် ကြားတယ်၊ ဘယ်သူမှတော့ သွားမကြည့်ရဲဘူး။ ရွာသားတွေဆိုရင် ကြောက်လန့်ပြီး ဈေးဝယ်တောင် မထွက်ရဲကြတော့ဘူး" အသက် ၄၀ အရွယ်ခန့်ရှိသည့် တပို့ရွာသား တစ်ဦးက ပြောသည်။

မိုင်းခွဲတိုက်ခိုက်သူများကို စစ်သားများက အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းအထိ တောနင်းရှာဖွေနေသည်ဟုလည်း ဒေသခံများက ပြောသည်။

ယာဉ်တန်းတိုက်ခိုက်ခံရပြီး စစ်သားများက သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ ထိမှန်မှုများရှိခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် ပုလောဒေသခံ PDF နှင့် PRDF ပူးပေါင်းအဖွဲ့တို့၏ လုပ်ဆောင်မှုဖြစ်နိုင်သည်ဟုလည်း ဒေသခံရွာသားအချို့ ခန့်မှန်း ပြောဆိုနေကြသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...