မြဝတီနယ်စပ်မှတဆင့် ရန်ကုန်သို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများ ဖမ်းမိ

မြဝတီနယ်စပ်မှတဆင့် ရန်ကုန်သို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများ ဖမ်းမိ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အာရှလမ်းမကြီးဘေးရှိ ကားဂိတ်မှတဆင့် ရန်ကုန်သို့ ပို့ဆောင်မည့် အသုံးအဆောင်ပစ္စည်းများနှင့်ရောနှော ထုပ်ပိုးထားသည့် လက်နက်ခဲယမ်းများကို ယနေ့ အောက်တို ဘာလ ၂၅ ရက် မွန်းတည့်ချိန်ခန့်တွင် မြဝတီရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယနေ့ မွန်းတည့် (၁၁း၃၀) အချိန်ခန့် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အာရှလမ်းမကြီးဘေးရှိ အောင်ကျော်ဇောကားဂိတ်သို့ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှ မော်တော်ယာဉ်တစ်စီးဖြင့် လာရောက်ပို့ဆောင်သည့် စောင်ထုပ် (၂) ထုပ်အား ကားဂိတ်ပိုင်ရှင်နှင့် ၎င်းအလုပ်သမားတို့မှ ဖောက်စစ်ဆေးရာ အတွင်း၌ လက်နက်ခဲယမ်းများတွေ့ရှိရ၍ မြဝတီမြို့မရဲစခန်းသို့ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သတင်းပေးပို့မှုအရ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်ဌေးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းဇော်တို့ ဦးစီးအဖွဲ့မှ သွားရောက်စစ်ဆေးရာ ရန်ကုန်မြို့မှ လက်ခံသူအမည်ပါ အဖြူရောင်ဆာလာအိတ်အတွင်း စောင်ထုပ်များဖြင့်ရောနှောလျက် Ak. sa. Arms. တံဆိပ်ပါ ပစ္စတိုသေနတ် (၁) လက်နှင့် ကျည်အိမ် (၁) ခု Zoraki m. 906. တံဆိပ်ပါ ပစ္စတိုသေနတ် (၁) လက် ၎င်းကျည်အိမ် (၁) ခုနှင့် 38 ကျည် (၈) တောင့်တို့အား တွေ့ရှိရကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများကို စောင်ထုပ်များကြား ရောနှောကာ အဆိုပါအထုပ်အား မော်တော်ယာဉ်တစ်စီးဖြင့် လာရောက်ပို့ဆောင်သည့် အမျိုးသား (၂) ဦး၊ အမျိုးသမီ (၁) ဦးတို့ကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေဖမ်းဆီးရာ မွန်းလွဲ ၁ နာရီအချိန်တွင် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အာရှလမ်းဘေးရှိ ဒေါ်ရှမ်းမ ထမင်းဆိုင်ရှေ့တွင် ပစ္စည်းလာရောက်ပို့ဆောင်သူများအား စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...