မိုးဗြဲမှာ စစ်ကောင်စီက လက်နက်ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူတစ်ဦးသေဆုံး၊ ဒဏ်ရာရရှိသူများပြား

မိုးဗြဲမှာ စစ်ကောင်စီက လက်နက်ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူတစ်ဦးသေဆုံး၊ ဒဏ်ရာရရှိသူများပြား

အောက်တိုဘာ ၂၄ ရက်မှာ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် စည်ကား (၁) ရပ်ကွက် အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး ပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ မိုးဗြဲ ကယ်ဆယ်ရေးနဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့ ဝင်တစ်ဦးထံကနေ သိရပါတယ်။

ဒဏ်ရာရရှိသူ ငါးဦးထဲမှာ စည်ကား (၃) ရပ်ကွက် လေးနှစ်အရွယ်နဲ့ တစ်နှစ်အရွယ် ကလေးနှစ်ဦးပါဝင်ပြီး ကလေးနှစ်ဦးကလွဲပြီး ကျန်သုံးဦးမှာ အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသလို ပြည်သူအိုးအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ပြည်သူတွေရဲ့ အိုးအိမ်တွေ ပျက်စီးတယ်။ ပြည်သူတွေ အသက်ဆုံးရှုံးတယ်။ ပြည်သူတွေ ထိခိုက်တယ်ဗျ။“ လို့ မိုးဗြဲ ကယ်ဆယ်ရေးနဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့လည်း  ဝေးဝေးတစ်ခါ ပစ်နေတုန်းပဲလို့ သူက နေ့လည် ၁၁ နာရီခွဲမှာ အတည်ပြုပြောပါတယ်။

“အခုလက်ရှိကတော့ လက်နက်ကြီးနဲ့ ပစ်နေတုန်းပဲဗျ။ ဝေးဝေး တစ်ချက် ပြည်သူလူထုတော့ ထိခိုက်မှုရှိတယ်ဗျ။“ လို့ ဆက်ပြောပါတယ်။

မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီက မိုးဗြဲမြို့ထဲကို စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Photo - Mobye Rescue Team

Most read this week

(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...