မိုးဗြဲမှာ စစ်ကောင်စီက လက်နက်ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူတစ်ဦးသေဆုံး၊ ဒဏ်ရာရရှိသူများပြား

မိုးဗြဲမှာ စစ်ကောင်စီက လက်နက်ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူတစ်ဦးသေဆုံး၊ ဒဏ်ရာရရှိသူများပြား

အောက်တိုဘာ ၂၄ ရက်မှာ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် စည်ကား (၁) ရပ်ကွက် အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး ပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ မိုးဗြဲ ကယ်ဆယ်ရေးနဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့ ဝင်တစ်ဦးထံကနေ သိရပါတယ်။

ဒဏ်ရာရရှိသူ ငါးဦးထဲမှာ စည်ကား (၃) ရပ်ကွက် လေးနှစ်အရွယ်နဲ့ တစ်နှစ်အရွယ် ကလေးနှစ်ဦးပါဝင်ပြီး ကလေးနှစ်ဦးကလွဲပြီး ကျန်သုံးဦးမှာ အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသလို ပြည်သူအိုးအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ပြည်သူတွေရဲ့ အိုးအိမ်တွေ ပျက်စီးတယ်။ ပြည်သူတွေ အသက်ဆုံးရှုံးတယ်။ ပြည်သူတွေ ထိခိုက်တယ်ဗျ။“ လို့ မိုးဗြဲ ကယ်ဆယ်ရေးနဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့လည်း  ဝေးဝေးတစ်ခါ ပစ်နေတုန်းပဲလို့ သူက နေ့လည် ၁၁ နာရီခွဲမှာ အတည်ပြုပြောပါတယ်။

“အခုလက်ရှိကတော့ လက်နက်ကြီးနဲ့ ပစ်နေတုန်းပဲဗျ။ ဝေးဝေး တစ်ချက် ပြည်သူလူထုတော့ ထိခိုက်မှုရှိတယ်ဗျ။“ လို့ ဆက်ပြောပါတယ်။

မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီက မိုးဗြဲမြို့ထဲကို စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Photo - Mobye Rescue Team

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...