ပုသိမ် စစ်တပ်ထောက်ခံပွဲ လူစိမ်းများပါဝင်

ပုသိမ် စစ်တပ်ထောက်ခံပွဲ လူစိမ်းများပါဝင်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်ခန့်က မြို့ခံမဟုတ်သူ လူဦးရေ ၃၀၀ ဝန်းကျင်ခန့်က စစ်တပ်ထောက်ခံပွဲ လာရောက်ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမှတ် ၃ ရပ်ကွက်၊ ကန်သုံးဆင့်နဘေးရှိ ဟစ်တိုင်ကွင်းတွင် အမျိုးဘာသာသာသနာအား စောင့်ရှောက်ကာကွယ်နေသည့် တပ်မတော်ကို ထောက်ခံကြောင်း လူစုများရုံးကာ ဟောပြောပွဲလုပ်သွားသည်ဟု ဒေသခံများပြောသည်။

"မြို့ပေါ်က မဟုတ်တဲ့ မျက်နှာစိမ်းတွေများတယ်။ တနေရာရာက ခေါ်လာကြတာဖြစ်မယ်။ ဟောပြောတာ လည်း နာရီဝက်ကျော် လောက်ပဲကြာတယ်" ဟု မျက်မြင်တွေ့ရှိသူ ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

အမျိုးဘာသာ သာသနာအား စောင့်ရှောက်ကာကွယ်နေသည့် တပ်မတော်ကို ထောက်ခံကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်ထားသည်ဟု ဆိုကြသည်။

တပ်ထောက်ခံပွဲကို လာသူများသည် လိုက်ထရပ် (light truck) ကား ၁၅ စီးခန့် ဖြင့် ရောက်ရှိစုဝေးကြပြီး အခမ်းအနား ပြီးဆုံးသော အခါ အဆိုပါကားများဖြင့် အချို့က အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိရာ တပ်နယ်ဘက်သို့ပြန်သွားပြီး အချို့ကားများက ပုသိမ်မြို့ပြင်သို့ ပြန်ထွက်ခွာသွားသည်ဟု ဒေသခံများက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ထုတ်ပြန်ထားသည့် လူ ၅ ဦးထက် ပိုစုဝေးခြင်း မပြုရဆိုသည့် ပုဒ်မ-၁၄၄ ကို ချိုးဖောက်၍ တပ်ထောက်ခံပွဲကို လုံခြုံရေးယူပေးကာ အားပေးအားမြောက်ပြုပေးနေသည်ဟု ဧရာဝတီတိုင်း ဥပဒေ အထောက်အကူပြုအဖွဲ့ဝင်တစ်ဦးက ထောက်ပြသည်။

ပုသိမ်မြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလအတွင်းက တပ်ထောက်ခံသည့် တန်ပြန်ဆန္ဒ ထုတ်ဖော်ပွဲကို တပ်ထောက်ခံသူများက လူအင်အား ၈၀၀ ခန့်ဖြင့် နှစ်ကြိမ် ပြုလုပ်ခဲ့ရာ ပုသိမ်မြို့ခံများက သံပုံးတီးကာ မောင်းထုတ်ခဲ့ ကြသည်။

 

ပုသိမ်မြို့ခံများက ဖေဖော်ရီလအတွင်း က စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း နေ့စဉ် အင်အား ၅၀၀၀၀ နှင့် ၁၀၀၀၀၀ အကြား ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ပြည်လုံးကျွတ် “၂၂၂၂၂” နှစ်ငါးလုံးသပိတ်တွင် လူအင်အား ၄ သိန်းကျော် ပါဝင်ခဲ့ကြသည်။

 
 

 

 

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...